ဖြစ်ပြီးသွားတာ ၁ ပတ်ကျော်နေပြီဆိုပေမယ့် စိတ်အခြေအနေက သိပ်ပြီး အဆင်ပြေမနေဘူး။ ညဖက်တွေအိပ်ရခက်နေတုန်းပဲ တခုခုအသံကြားရင် အလိုလိုနိုးနေပြီ နေ့ဖက်တွေလဲ အိပ်လို့သိပ်မရ။ အိမ်မှာနံရံလေးတွေနည်းနည်းပဲ အက်ကြောင်းလေးတွေ ထင်သွားတယ်ဆိုပေမယ့် နည်းနည်းအားနေရင် ဘာများဖြစ်သွားသေးလဲ ထပ်ခါထပ်ခါကြည့်မိနေတုန်း။ အဲ့ဒီနေ့က စလှုပ်တဲ့အချိန်မှာ ကိုယ်က အိမ်သာထဲမှာ "ဝေါး" ဆိုတဲ့ အသံတစ်ခုနဲ့လာသလို ခံစားလိုက်ရလို့ အိမ်သာထဲကနေအထွက် စလှုပ်လိုက်တာဆိုတော့ အခုထိ အိမ်သာတက်ရမှာကို စိတ်ထဲမှာလန့်နေတယ်။ ဖြစ်တဲ့နေက စလှုပ်တဲ့အချိန်ပြေးတာက အိမ်သာကနေ အိမ်ရှေ့ကို ဘယ်လိုရောက်လို့ရောက်မှန်းမသိရောက်သွားတယ် အိမ်သာဘေးရေချိုးခန်းထဲမှာ အိပ်နေတဲ့ခွေးကလဲထွက်ပြေးတာ အဲ့ကောင်ဘယ်ပြေးမှန်းမသိဘူး။ ပထမတစ်ခါငြိမ်သွားပြီးတော့ အိမ်ထဲပြန်ဝင်ရှာလိုက်သေးတာ မကြောက်မလန့်နဲ့ အိမ်ပေါ်တက်မလို့လုပ်တုန်း ထပ်လှုပ်တာနဲ့ပြန်ဆင်းပြေးရတယ်။ ပြီးမှကိုယ့်ဆရာက အိမ်အပေါ်ကဝရံတာကိုရောက်နေတာ ဒုတိယတစ်ကြိမ်ပြီးပြီးအတော်ကြာမှ တက်ခေါ်ရင် အခန်းတွေထဲဝင်ကြည့်တော့ laptop က စားပွဲပေါ်က ကျလုလုနဲ့ monitor ကကျနေပြီ ကြိုးနဲ့ညှိပြီး တန်းလန်းဖြစ်နေလို့ အကုန်ဖြုတ်ပြီး ကုတင်ပေါ်တင်ထားခဲ့ရတယ် ကုတင်ကလဲ နံရံကနေ ၁ ပေလောက်ရွှေ့သွားတယ်။ တစ်အိမ်လုံးလဲ ပွစကြဲသွားတာ ပန်ကန်းတွေကွဲ ဘီရိုတွေပွင့်ပြီး အဝတ်တွေထွက်ကျ အပေါ်ရေကန်က ရေတွေကျလို့ လှေကားတစ်ခုလုံးရေတွေစိုနဲ့။ အဲ့အချိန်လိုင်းတွေစပြတ်သွားတော့ အခြေအနေအရမ်းဆိုးတယ်လို့ထင်တောင် မထင်ထားဘူး ရပ်ကွက်ထဲမှာက နံရံကွဲတာတွေလောက်ပဲရှိတာဆိုတော့ အကုန်အဲ့လောက်ပဲ ဖြစ်မယ်ထင်တာ။
အခုထိတော့ ငလျင်အသေးတွေကတော့ မသိမသာတွေရော သိသိသာသာတွေရောက လှုပ်နေတုန်းပဲ မြို့သစ်ဖက်မှာက အရမ်းကြီးမဆိုးလိုက်တာတော်သေးတယ်ပြောရမယ်။ ငယ်ငယ်က ရွှေဥဒေါင်းကိုယ်တွေမှတ်တမ်းထဲမှာ ပဲခူးငလျင်အကြောင်းရေးထားတာဖတ်တုန်းက ဘဲကြီးက အပိုတွေရေးတာနေမှာပါလို့တွေးဖူးတယ် 😅 ကိုယ်တွေ့ကြုံမှပဲသူရေးတာက မမှားဘူးပဲ။
Comments
Post a Comment