Skip to main content

Posts

Showing posts from April, 2025

28-03-2025 Mandalay 12:50:52

ဖြစ်ပြီးသွားတာ ၁ ပတ်ကျော်နေပြီဆိုပေမယ့် စိတ်အခြေအနေက သိပ်ပြီး အဆင်ပြေမနေဘူး။ ညဖက်တွေအိပ်ရခက်နေတုန်းပဲ တခုခုအသံကြားရင် အလိုလိုနိုးနေပြီ နေ့ဖက်တွေလဲ အိပ်လို့သိပ်မရ။ အိမ်မှာနံရံလေးတွေနည်းနည်းပဲ အက်ကြောင်းလေးတွေ ထင်သွားတယ်ဆိုပေမယ့် နည်းနည်းအားနေရင် ဘာများဖြစ်သွားသေးလဲ ထပ်ခါထပ်ခါကြည့်မိနေတုန်း။ အဲ့ဒီနေ့က စလှုပ်တဲ့အချိန်မှာ ကိုယ်က အိမ်သာထဲမှာ "ဝေါး" ဆိုတဲ့ အသံတစ်ခုနဲ့လာသလို ခံစားလိုက်ရလို့ အိမ်သာထဲကနေအထွက် စလှုပ်လိုက်တာဆိုတော့ အခုထိ အိမ်သာတက်ရမှာကို စိတ်ထဲမှာလန့်နေတယ်။ ဖြစ်တဲ့နေက စလှုပ်တဲ့အချိန်ပြေးတာက အိမ်သာကနေ အိမ်ရှေ့ကို ဘယ်လိုရောက်လို့ရောက်မှန်းမသိရောက်သွားတယ် အိမ်သာဘေးရေချိုးခန်းထဲမှာ အိပ်နေတဲ့ခွေးကလဲထွက်ပြေးတာ အဲ့ကောင်ဘယ်ပြေးမှန်းမသိဘူး။ ပထမတစ်ခါငြိမ်သွားပြီးတော့ အိမ်ထဲပြန်ဝင်ရှာလိုက်သေးတာ မကြောက်မလန့်နဲ့ အိမ်ပေါ်တက်မလို့လုပ်တုန်း ထပ်လှုပ်တာနဲ့ပြန်ဆင်းပြေးရတယ်။ ပြီးမှကိုယ့်ဆရာက အိမ်အပေါ်ကဝရံတာကိုရောက်နေတာ ဒုတိယတစ်ကြိမ်ပြီးပြီးအတော်ကြာမှ တက်ခေါ်ရင် အခန်းတွေထဲဝင်ကြည့်တော့ laptop က စားပွဲပေါ်က ကျလုလုနဲ့ monitor ကကျနေပြီ ကြိုးနဲ့ညှိပြီး တန်းလန်းဖြစ်နေလို့ အကုန်ဖြုတ်ပြီး ကုတင်ပေါ်...