Skip to main content

Posts

Showing posts from October, 2024

ဖုန်းတွေမှာပါတဲ့ OCR တွေ ဘယ်လောက်ကောင်းတာလဲ

OCR ဆိုတာက ပုံတွေမှာပါတဲ့ စာသားတွေ၊ PDF တွေမှာပါတဲ့စာသားတွေ၊ နောက်လက်ရေးတွေကို Readable Text တွေအနေနဲ့ ပြောင်းပေးတဲ့ဟာကိုပြောတာပါ။ ("Optical Character Recognition (OCR) is the process that converts an image of text into a machine-readable text format. For example, if you scan a form or a receipt, your computer saves the scan as an image file. You cannot use a text editor to edit, search, or count the words in the image file.") ဒီနေရာမှာ တစ်ခြားဘာသာစကားတွေအတွက် OCR တွေကရနေတာ ကြာပါပြီ အင်္ဂလိပ်စာအတွက် OCR ဆိုရင်ကွန်ပျူတာတွေပေါ်မှာသုံးလို့ရနေတာ အတော်လေးကိုကြာနေပါပြီ။ အသိသာဆုံးကတော့ PDF reader တွေမှာပါတဲ့ PDF to Docx က OCR သုံးပြီး ပြင်လို့မရတော့တဲ့ PDF file ကို Word file ပြောင်းပေးပြီး ပြင်လို့ရတဲ့ file ဖြစ်အောင်ပြောင်းပါတာပါပဲ။ ဖုန်းတွေပေါ်မှာရတာတော့ အရမ်းကြီးမကြာသေးပါဘူး အခုချိန်မှာတော့ Android ပေါ်မှာဖြစ်ဖြစ် iOS တွေပေါ်မှာဖြစ်ဖြစ် OCR ကိုသုံးလို့ရနေပါပြီ။ Apps တွေကတော့ အများကြီးရှိပေမယ့် အဆင်အပြေဆုံးကတော့ Google Lens & Google Photo ပါပဲ တစ်ချို့ဖုန်းတွေမှာ ၂ မျိုးလုံးရပေ...

EPUB File တွေ Windows ပေါ်မှာ လုပ်ကြည့်ခြင်း

ဒီရက်ပိုင်း စာအုပ်တွေကို EPUB လုပ်ဖို့တွေးပြီး အရင် Laptop အဟောင်းလေးကို Hackintosh လုပ်ဖို့ ကြိုးစားလိုက်သေးတယ်။ အရင်ကရပေမယ့် အခုကြတော့ Boot တောင် Mac ဖက်မှာ တက်မလာဘူး ဘာဖြစ်မှန်းလဲမသိ။ Mac ကသုံးချင်လွန်းတယ်ရယ်တော့ မဟုတ်ပေမယ့်  သူ့ရဲ့ Page ကနေဆိုရင် Export EPUB ဆိုပြီး တစ်ခါတည်းတန်းထွက်သွားတာဆိုတော့ လွယ်လို့ ရိုက်ပြီးသားစာအုပ်လေးတွေကို တစ်ခါတည်း တန်းပြောင်းလိုက်လို့ရတယ်။ Windows ပေါ်မှာလဲ EPUB လုပ်တဲ့ကောင်တွေရှိပေမယ့် အရင်ကသေချာမလုပ်ကြည့်ပဲ ခက်တယ်ပဲထင်နေတာ အခုမှ Sigil ကိုသုံးကြည့်ပြီး လွယ်လဲလွယ်ပြီး အတော်လေး အဆင်ပြေတာကို သိရတော့တယ် Mac မှာလို့မျိုးတော့ export to EPUB တော့ မရဘူးပေါ့ 😅။ HTML format နဲ့ရေးပြီး လိုက်ထည့်ပေးရုံပဲဆိုတော့ အရမ်းကြီး မဆိုးဘူးပြောရမှာပဲ။ လုပ်နေရင်းနဲ့ Python သုံးပြီး text file ကနေ HTML format ကိုပြောင်းတဲ့ Script, ms doc file ကနေ HTML format ကိုပြောင်းတဲ့ Script တွေပါသုံးတတ်သွားတယ်။ စာနည်းရင် မသိသာပေမယ့် စာများရင် text file ကို HTML format ထဲကိုလိုက်ထည့်ရတာ အတော်လေးလက်ဝင်တယ်။ Script သုံးပြီးပြောင်းလိုက်ရင် တစ်ခါတည်း အကုန်ပြီးအစီးပဲ ကူးထည့်လိုရင်ရပြီ။