Skip to main content

Posts

Showing posts from September, 2024

iOS 18 က iPhone 15 မှာ ဘာတွေထူသွားလဲ

iOS 18 Official ကတော့ မနေ့ည ၁၁ နာရီခွဲမှာပဲ တရားဝင်စထွက်လာပြီဖြစ်ပါတယ်။ Apple AI ဘာညာသရကာကတော့ ကျနော်ဖုန်းမှာမရလို စမ်းလို့လဲမရဘူး iOS 18.1 ရောက်မှပါမယ်လို့ပြောတယ် အဲ့တော့ အခု Update မှာ ဘယ်သူမှမရသေးဘူးပေါ့ 😅။  ပြောင်းသွားတဲ့အထဲမှာ App Icon Color တွေကိုချိန်လို့ရသွားတာက အစက အတော်မိုက်သလိုလိုနဲ့ တကယ်သုံးကြည့်တော့ ကျနော်ကတော့သိပ်မကြိုက်လှဘူး။ မြင်နေကြမဟုတ်တာကြောင့်လားတော့မသိဘူး အောက်ကပုံမှာဆိုရင် ကျနော် Dark Mode ထားလိုက်ချိန်မှာ အဲ့လိုဖြစ်သွားတာပဲ။ နောက်တစ်ခုကြိုက်မိတာက Android မှာတော့ ရတာကြာနေလို့ ဘယ်တုန်းကရနေမှန်းတောင်မမှတ်မိလောက်တော့တဲ့ Feature တစ်ခုပေါ့ ဖုန်းကိုနံပတ်ရိုက်လိုက်တာနဲ့ Contact မှာရှိမရှိပြပေးတာ။ ပြီးတော့ Control Center အသစ်လေးပေါ့ အဲ့ကောင်လဲမဆိုးဘူးပြောရမယ်။ အရမ်းစမ်းကြည့်ချင်နေတဲ့ RCS Message ကတော့ မြန်မာမှာအဲ့ Services မရလို့ မရဘူးတဲ့ 😅 ကြေကွဲရတယ်။ Android တွေမှာ Android Default Message (Google Message) ထည့်ထားရင်ရတယ်။ Note နဲ့ Calculator မှာ လက်ရေးနဲ့ရေးထားတာတွေကိုတွက်ပေးနိုင်သွားတယ် အဲ့ဒါလဲမိုက်တယ်။  နောက်တစ်ခုက Password Manager ပါလာတယ် မဆိုးတော့မဆိုးဘူး မကောင်းတာ