MS 365 ရဲ့ Developer Program ကိုသုံးဖြစ်နေတာ နည်းနည်းကြာနေပြီ။ MS Office ကို အခမဲ့သုံးလို့ရနေတာရယ် Onedrive 1Tb ရနေတာရယ်ကြောင့်သုံးဖြစ်သွားတာ။ သုံးနေရတာက အကုန်အဆင်ပြေတယ်ဆိုပေမယ့် MS 365 Developer Program ကရတဲ့ Mail Accounts (username@name.onmicrosoft.com)တွေကနေ Mail ပို့ရင် Outlook Mail ဆိုရင်တော့ ဘာမှမဖြစ်ပေမယ့် Gamil ဆိုရင် Spam Folder အောက်ကိုပဲရောက်ရောက်သွားတယ်။ ကိုယ်ပိုင် Domain နဲ့ စမ်းကြည့်တော့လဲအတူတူပဲ (username@domainname.com). အဲ့ဒါနဲ့လျှောက်ရှာကြည့်ပြီး ကလိလိုက်တော့မှ အဆင်ပြေပြေဖြစ်သွားတယ်။ လုပ်နည်းက မခက်ပါဘူး MS 365 Defender > Email & Collaboration > Policies & rules > Threat policies > Email authentication settings အောက်ကိုသွားပြီး DKIM အောက်က ကိုယ်ပိုင် Domain နဲ့ချိတ်ထားရင် ကိုယ့် Domain လိပ်စာနဲ့တစ်ခု name.onmicrosoft.com နဲ့ တစ်ခု ဆိုပြီး ၂ ခုပေါ်နေလိမ့်မယ် မဟုတ်ရင်တော့ name.onmicrosoft.com နဲ့ တစ်ခုပဲရှိမှာပါ။ အဲ့ဒီပေါ်နေတဲ့ နာမည်တစ်ခုချင်းစီပေါ်မှာ နှိပ်လိုက်ပြီးတော့ Create DKIM Key ကိုနှိပ်ပြီး သူခိုင်းတဲ့အတိုင်းလိုက်လုပ်လိုက...