Skip to main content

Posts

Showing posts from February, 2023

SketchUP 2023 မှာ ဘာတွေထူးလာသလဲ

SketchUP 2023 မှာဘာတွေထူးသလဲ။ သိသိသာသာထူးသွားတာကတော့ Flip Option ပါပဲ။ အရင်လို Flip လုပ်ချင်တဲ့ Object ကို Select Right Click လုပ်ပြီးမှ Flip Along ရွေးရတာအစား Toolbar မှာ Flip Shortcut ထည့်ပေးလိုက်ပါပြီ 😁🙌🙌🙌။ သုံးရတာတော့ အတော်လေးကိုလွယ်ပါတယ် Object ကို Select လုပ်ပြီး Flip ကိုနှိပ်လိုက်တာနဲ့ Object ပေါ်မှာ Red, Green, Blue Axis တွေပေါ်လာပါတယ်။ ပုံ - ၁ မှာ နမူနာကြည့်ပါ။ ပုံ - ၁ အရင်လို ဘယ် Axis မှာလုပ်ရမလဲဆိုတာကို အရမ်းကြီးစဉ်းစားနေစရာမလိုတော့ပဲ x, y, z ကိုယ်လုပ်ချင်တဲ့ Axis ကိုနှိပ်ပြီးတော့ Flip လုပ်လိုက်ယုံပါပဲ။ ပြီးတော့ Mirror လုပ်ချင်ရင် အရင်က Copy ကူးပြီးမှ Flip လုပ်ရတာမှာ အခုအဲ့လိုလုပ်စရာမလိုတော့ပါဘူး။ ဥပမာ အပေါ်ကပုံမှာ Red Axis အတိုင်း Mirror လုပ်ချင်တယ်ဆိုရင် Ctrl အရင်နှိပ် Red Axis ကို ကိုယ် Mirror လုပ်ချင်တဲ့ Mid Point အထိဆွဲရွှေ့ပြီး Click ချလိုက်တာနဲ့ ရပါပြီ။ ပုံ - ၂ နှင့် ပုံ - ၃ မှာ နမူနာကြည့်ပါ။ ပုံ - ၂