တလောကစမ်းသုံးတုန်းက ပြည်ထောင်စုဖောင့်က Render မမှန်ဖြစ်နေတာပါ (ဒီမှာ သွားကြည့်ကြည့်ပါ) အခုတော့ Render လဲမှန်သွားသလို အဆင်ပြေသွားပါပြီ တစ်ခုပဲ Center Text လုပ်ရတာ အဆင်သိပ်မပြေပါဘူး။ ကျနော်အခုစမ်းထားတာက Excel version (16.64) နဲ့ macOS Monterey 1.5.1 မှာ စမ်းထားတာပါ။ Myanmar Text, Noto Sans Myanmar တို့ကတော့ အဆင်ပြေပါတယ် ဒါပေမယ့် အဲ့ဖောင့်တွေက စာရိုက်ချိန်မှာ Formula Bar မှာပဲအမှန်မြင်ရပြီး Text Box ထဲမှာတော့ Enter ရိုက်လိုက်မှ မှန်သွားတာပါ။ ကျနော်စမ်းပြထားတဲ့ Video လေးကိုကြည့်ကြည့်ပါ။
Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here
Comments
Post a Comment