Skip to main content

Posts

Showing posts from June, 2022

V Ray for Sketchup 5.20 မှာ Material Library Download မရတဲ့ပြဿနာ

စက်အသစ်ဝယ်ပြီးတော့ ဆိုင်က (တကယ်က မူလကတည်းက Windows 11 Home Version Official ပါတာ) User Name ကို User လို့ပဲပေးထည့်လိုက်တာ အတော်လေးအဆင်မပြေဘူး။ အကောင့်တွေဘာတွေ အကုန်ပြန်ဝင်ပြီးချိန်မှသိတော့ User အသစ်လဲထပ်မဖွင့်ချင်တော့တာနဲ့ ပြောင်းနည်းရှာပြီး ပြောင်းလိုက်ရော အဲ့ဒီမှာက အကုန်အဆင်ပြေတယ်။ မပြေတာက ဒီနေ့ Sketchup ဖွင့်ချိန်မှာ File patch တစ်ချို့လွဲနေတာတွေဖြစ်နေတယ် အဆိုးဆုံးက V Ray Material Library ကြီးသုံးလို့မရတော့တာပဲ The library cannot be download or update. Possibly because of missing permission. ဆိုတာပဲပြနေပြီး ဘာမှလုပ်မရဘူး။ လျှောက်ရှာကြည့်မှ ဖြေရှင်းထားတာတစ်ခုတွေ့တယ် တကယ်ကဘာမှမခက်ဖူး Sketchup ကိုဖွင့်ချိန်မှာ Run as Administrator နဲ့ဖွင့်လိုက်ရင်ရသွားရော😅။   

Sketchup V Ray 5 ရဲ့ Chaos Cosmos Library အကြောင်း

 Sketchup V Ray 5 ကထွက်တာလဲကြာပြီ ကျနော်စက်မှာတင်ထားတာလဲ အတော်ကြာနေပြီ ဒါပေမယ့် တစ်ခါမှ ကောင်းကောင်းမသုံးဖြစ် မစမ်းဖြစ်သေးဘူး။ နိုင်ငံရေးအခြေအနေ စိတ်အခြေအနေနဲ့ အရင်လို လျှောက်စမ်းဖို့ မလုပ်ဖြစ်တာကြာနေပြီ။ မနေ့ကမှ စိတ်ကူးပေါက်တာနဲ့ YouTube ကြည့်ပြီး စမ်းကြည့်ပြီဆိုမှ  V Ray 5 ရဲ့ Chaos Cosmos Library ကအတော်လေး မိုက်တာပဲ။ 3D Model တွေအရမ်းမများသေးဘူးဆိုပေမယ့် ရှိတာတွေအကုန်က V Ray Ready ဆိုတော့ သုံးမရတာတစ်ခုမှမရှိဘူး အကုန်သုံးလို့ရတယ်။ စက်မလေးအောင် 3D View မှာဆိုရင် ဘာ Detail မှမမြင်ရဘူး အပင်ဆိုလဲ အပင်မှန်းသိတယ်ဆိုယုံလေးပဲ Render လုပ်မှ Detail မြင်ရတာ တော်တော်လေး မိုက်တယ်။ Chaos Cosmos Library ထဲမှာပါတာတွေကတော့ 3D Model, Materials and HDRIs တွေပါပါတယ်။ အရမ်းကြီးမများသေးပေမယ့်လဲ အတော်လေးစုံတယ်ပြောရမှာပါ။ 3D Warehouse ထက်တော့ သာပါတယ်။ Chaos Cosmos Library ကိုသုံးဖို့အတွက်ကတော့ Chaos Account တော့ရှိရမယ် Account Sing in လုပ်ပြီးမှ သုံးလို့ရတယ်။ တစ်ခုကောင်းတာက V Ray ကို Crack သုံးနေရင်တောင်မှ Chaos Cosmos Library ကိုသုံးလို့ရပါတယ်။ အဲ့အတွက် ကျေးဇူးလဲတင်ရ အားလဲနာရပါတယ်။