Windows 11 တင်ပြီး နည်းနည်းကြလာတော့ ပြဿနာတစ်ခုတက်လာတယ် ဘာလဲဆိုတော့ စက်ဖွင့်လိုက်တာနဲ့ StartUpCheckLibrary.dll missing! ဆိုတဲ့ error windows လေးပွင့်နေတာပဲ ဘာလုပ်ရမှန်းမသိဘူး ပိတ်လိုက်ရင်လဲဘာမှမဖြစ်ဖူးရနေတယ်။ အင်တာနက်ချိတ်ထားချိန်ပဲ အဲ့လိုဖြစ်နေတာ အင်တာနက်မချိတ်ထားချိန်ဆို အဲ့ဒီ error ကမပြပြန်ဘူး။ အခု error က Windows 10 မှာလဲတစ်ခါဖြစ်ဖူးတယ် ဘာလုပ်ရမှန်းမသိလို့ Windows ပြန်တင်လိုက်တယ် 😅။ အများစုကတော့မဖြစ်ဖူးနဲ့တူတယ် ကိုယ့်မှာလာဖြစ်နေတာတော့ နည်းနည်းထူးတယ်ပြောရမလားပဲ။ လိုက်ရှာကြည့်တော့ Microsoft Community မှာဖြေပေးထားတာတွေ့လို့ (ဒီမှာ ဝင်ဖတ်ကြည့်ပါ) လိုက်လုပ်ကြည့်လိုက်တာမှာ အဆင်ပြေသွားတယ်။ တကယ်ကဘာမှမခက်လှဘူး သူပေးထားတဲ့ software လေး run ပြီး ခိုင်းတာလေးလုပ်လိုက်ရင်ရပြီ။
ပထမဆုံး Software ကို ဒီကနေ ဒေါင်းပါ https://live.sysinternals.com/Autoruns.exe
- ဒေါင်းပြီးရင် Autoruns.exe ကို Administrator အနေနဲ့ ဖွင့်လိုက်ပါ ( Right Click > Run as administrator)
- Quick Filter ကနေပြီး startupcheck ဆိုတဲ့ စာလုံးကိုရိုက်ပြီးရှာလိုက်ပါ
- ပြီးရင် Scheduler Task အောက်ကိုသွားလိုက်ပြီး \Microsoft\Windows\Application Experience\StartupCheckLibrary ဆိုတဲ့ဟာကိုရှာပြီး ဖျက်လိုက်ရင်ရပါပြီ။ ကျနော်ဆီမှာတော့ အဲ့တစ်ခုပဲရှိတယ်။
Comments
Post a Comment