Google Photo Web Version မှာ Text From Image Feature ရလာပါပြီ။ မနေ့ကစပြီး ရတယ်လို့ထင်တာပါပဲ ဘာလို့လဲဆိုတော့ Screen Shoot Photo တွေအများကြီးကိုမှ မနေ့က Upload လုပ်ထားတဲ့ပုံကနေပဲ စပြီးရလိုပါ 😅။ ကျန်တာတွေတော့မရသေးပါဘူး ဘာပဲဖြစ်ဖြစ် ကွန်ပျူတာမှာပါ Text From Image သုံးလို့ရသလိုဖြစ်သွားတဲ့အတွက် အတော်လေး အဆင်ပြေတယ်လို့ပြောရမှာပါပဲ။
Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here
Comments
Post a Comment