Google

Google Map For iOS မှာ Dark Mode ရလာပြီ

ဘာမှသိပ်မတင်ဖြစ်နေတာကြာပြီ 🥺။ iOS အတွက် Google Map မှာ Dark Mode ရပြီလို့ပြောနေကြတာတော့ အတော်လေးကြာနေပါပြီ ကျနော်ကတော့ ဒီနေ့မှသတိထားမိတယ် (ရပြီလို့သတင်းထွက်တုန်းက စမ်းကြည့်ရှာကြည့်သေးတယ် မရဘူး ဒီနေ့မှ သတိရလို့ပြန်ကြည့်မိတာ) လွန်ခဲ့တဲ့ ၂ ရက်က Update ပေးထားတာတွေ့တော့ အဲ့ Update မှာပါလာတာလို့ထင်တာပဲ။ ကြည့်နေကျမဟုတ်လို့လားမသိဘူး တမျိုးကြီးပဲ 😅။ ထုံးစံအတိုင်းပဲ Dark Mode မရတဲ့ iOS ဗားရှင်းအနိမ့် တွေမှာဆိုရင်တော့ ပါလာမှမဟုတ်ပါဘူး ဆိုတော့ Dark Mode သုံးဖို့ အတွက် iOS 13 အနိမ့်ဆုံးလိုပါတယ်။ ဖွင့်နည်းက ဘာမှမခက်ပါဘူး Google Map Setting ထဲကိုသွားပြီး Dark Mode ON ပေး (ဒါက Map တစ်ခုတည်းကိုပဲ Dark Mode သုံးချင်ရင်) ဒါမှမဟုတ် Same As Device Setting (ဒါကကြတော့ ဖုန်းမှာ Dark Mode ထားရင်လိုက်ပြောင်းပေးမှာ) ဆိုတာရွေးပေးလိုက်ရင်ရပါပြီ။ ပုံလေးတွေလဲတင်ပေးထားပါတယ် ကြည့်ကြည့်လိုက်ကြပါ။ 

လွန်ခဲ့တဲ့ ၂ ရက်က Update (ဆိုတော့ 18/08/2021 ကတည်းကရနေတာဖြစ်နိုင်တယ်)

Setting ထဲကိုဝင်ပါ (အဲ့ဒါပေါ်အောင်က ကိုယ့် Profile ကိုထိလိုက်ပါ)

သိသာပါတယ် Dark Mode ထဲထပ်ဝင်ပါ

Highlight ပြထားတဲ့အထဲက ၁ ခုကိုရွေးပေးပါ

ဒါကတော့ Dark Mode နဲ့မြင်ရတဲ့ပုံပါ



No comments:

Post a Comment