Proton Mail အကြောင်းသိနေတာတော့ ၆ လလောက်ရှိနေပြီ။ အကောင့်ဖွင့်လိုက်တယ် သုံးကြည့်တယ်အဲ့လောက်ပဲ ဘာမှထူးမလာဘူး။ Gmail ထက်ပိုပြီလုံခြုံတယ် စိတ်ချရတယ်လို့တော့သိထားတယ် အဲ့ဒီလောက်ပဲ။ အကောင့်ဖွင့်လိုက်ရင် Storage အနေနဲ့ 500 Mb ရတယ် တကယ်လုပ်ငန်းသုံးချင်ရင်တော့ ဘာမှမပြောပလောက်တဲ့ ပမာဏပဲ အဲ့ထက်ပိုပြီးလိုချင်ရင်တော့ဝယ်သုံးမှ ရမယ်။ သုံးဖို့အတွက် UI ကလဲ အရမ်းကြီးရှုပ်မနေပါဘူး ပုံမှန် Mail Client တခုလိုပါပဲ ရိုးရိုးရှင်းရှင်းနဲ့ သုံးရတာ လွယ်ပါတယ်။ ပြီးရင် သူကနေပေးထားတဲ့ VPN Services ရှိပါတယ်။ အဲ့ဒါကိုသုံးဖို့က Proton Mail တစ်ခုလိုပါတယ်။ VPN မှာလဲ Free ပေးသုံးတာရယ် ရောင်းတာရယ်ဆိုပြီး ရှိပါသေးတယ် ရောင်းတာနဲ့ ဘာကွာလဲဆိုတော့ Free ပေးသုံးတာမှာ အကောင့်တစ်ခုကို စက်တစ်လုံးမှာပဲသုံးလို့ရမှာပါ၊ Connection Speed ကတော့ Medium ပဲရပါမယ် (Medium သာပြောတာပုံမှန်လိုင်းတက်သလိုကိုတက်ပါတယ် အိမ်မှာ 20Mbps ယူထားတာ Download လုပ်ရင် 3MB/s တက်ပါတယ် အခု VPN ခံထားတာတောင် အဲ့ဒီ Speed ကိုရနေတုန်းပါပဲ) ၊ နေရာ ၃ ခုပဲရွေးစရာရှိပါတယ် (အမေရိကန်၊ ဂျပန်၊ နယ်သာလန်) ဆိုတော့ Free VPN တစ်ခုအနေနဲ့တော့ အတော်လေးမဆိုးလှပါဘူး။ အကောင့်ဖွင့်တာကလဲ ...