Jun 24 2021 မှာ Microsoft ကနေပြီးတော့ Windows အသစ်တစ်ခုဖြစ်တဲ့ Windows 11 ကိုမိတ်ဆက်သွားပါတယ်။ Event ကိုတော့မကြည့်လိုက်ပါဘူး ဒီနေ့မနက်ကမှ စိတ်ကူးပေါက်လို့ Windows 11 iso ရှာပြီး တင်လိုက်တာ ဟိုတနေ့ Windows 10 Dev Previews တင်ထားတာကနေ အခု Windows 11 Dev Previews ဖြစ်သွားတာပေါ့လေ 😅။ ဘာတွေထူးလဲဆိုတော့ UI အသစ်ဖြစ်သွားတယ် တစ်ချို့နေရာတွေမှာတော့ အရင်လိုပဲ Folder Icon လေးတွေကတော့ Windows 10 Dev Previews မှာလိုမျိုး အတူတူပဲ Emoji Windows လဲအတူတူပဲပြောင်းပေးထားတယ်။ Windows အစွန်းလေးတွေကို လုံးပေးထားတယ် Start Menu ကတော့ အသိသာဆုံးအပြောင်းအလဲပဲ အရင်နဲ့ ဘာမှမဆိုင်တော့ဘူး။ အောက်မှာ Screen Shoot ပုံလေးတွေပြပေးထားပါတယ်။ Dev Previews ဖြစ်တဲ့အတွက်တစ်ခါတစ်လေတော့ သုံးရတာ သိပ်အဆင်မပြေသလိုဖြစ်နေတတ်တယ် အလုပ်ပုံမှန်လုပ်နေပြီး စက်ပုံမှန်အဆင်ပြေပြေဖြစ်ဖို့ လိုတဲ့သူတွေကတော့ လောလောဆယ်မစမ်းသင့်သေးပါဘူး အခန့်မသင့်ရင် Windows 10 ကိုပြန်ဆင်းရမှာမို့လို့ အချိန်ကုန်ပြီး အလုပ်ရှုပ်ပါလိမ့်မယ်။ အခုလောလောဆယ် စမ်းကြည့်နေရသလောက်ကတော့ Search အရင်ကထက်ပိုကောင်းလာပါတယ်။ ၁ ပတ်လောက်သုံးကြည့်ပြီးမှ ထပ်ဖြည့်ပေးတော့မယ် 😜။ Notif...