တစ်နေ့က သူငယ်ချင်းတစ်ယောက်ကို အကူအညီပေးလိုက်မိပြီး Google Account မှာ အတော်လေးတိုင်ပတ်နေတယ်။ ရုရှားတွေကနေပြီး မဲပေါက်တယ်ဆိုပြီး စလာတာကနေ သူငယ်ချင်းက စမ်းချင်လို့ဆိုပြီး စမ်းကြည့်တာမှာ နေတိုင်းသုံးနေကျ Email ကိုပေးမိသွားတယ်(သတိလေး တစ်ချက်လစ်သွားတာနဲ့ ခံရတာပဲ ပိုက်ဆံပါသွားတာမဟုတ်ပေမယ့် အတော်လေးအာရုံနောက်ရတယ်)။ အဲ့ဒီမှာပဲ လှိမ်နေအောင်ခံရတော့တာပဲ Google Drive မှာ Share Files လာပို့တာ၊ Google Photo မှာ Share Photo လာလုပ်တာ၊ Mail တွေဇွတ်ပို့တာတွေလုပ်ရော အကုန်လုံးပိုက်ဆံတောင်းတာတွေ။ အဲ့အထိက ဘာမှမဖြစ်သေးဘူး နောက်ဆုံးမှာ Google ပြက္ခဒိန် မှာပါ Event လုပ်ပြီး Invite လုပ်တယ် Default အနေနဲ့က Invite Event တွေကို Google ပြက္ခဒိန်က တန်းပြတာ အဲ့ဒီတော့ပြက္ခဒိန်ကြီးတစ်ခုလုံးသူတို့ Event တွေနဲ့ပွထကုန်ရော အတော်လေးစိတ်ညစ်စရာကောင်းသွားတယ် 😅😅။ (ပုံ-၁ တွင်ကြည့်)
ပုံ-၁ |
အဲ့ဒါနဲ့ Google ကို အပူကပ်ပြီးလျှောက်ရှာကြည့်တော့ Invite Event တွေကို ကိုယ်လက်ခံမှ ပြက္ခဒိန်မှာပြအောင်ပြင်လို့ရတယ်ဆိုတာကို သွားတွေ့ရတယ်။ ပြင်နည်းက ဘာမှမခက်ပါဘူး ကွန်ပျူတာ Browser တစ်ခုခုကနေ Google ပြက္ခဒိန်ကိုဖွင့်ပါ (Mobile App တွေကနေတော့ပြင်လို့မရသေးပါဘူး) ပြီးရင် ပြက္ခဒိန်ရဲ့ Setting ထဲကိုဝင်ပါ။ ပြက္ခဒိန် Setting ထဲမှာ Event Settings ဆိုတဲ့ Tab လေးရှိပါတယ် အဲ့ဒီအထဲကိုသွားပြီး Automatically add invitations ဆိုတဲ့အကွက်မှာ Yes ဖြစ်နေတာကို No, Only Show invitations to which I have responded ကိုရွေးပေးလိုက်ပါ (ပုံ-၂ နှင့် ၃ တွင်နမူနာကြည့်ပါ) အဲ့ဒါဆိုရင် ကိုယ်လက်မခံတဲ့ Event က ပြက္ခဒိန်မှာပေါ်လာမှာမဟုတ်တော့ပါဘူး။
ပုံ-၂ |
ပုံ-၃ |
ကျနော်လိုတိုင်ပတ်နေတဲ့သူတွေဖြစ်ဖြစ် သူများက Invite Event လာလာပို့နေလို့ အာရုံနောက်နေလို့ပဲဖြစ်ဖြစ် ဒီနည်းလေးအတိုင်းသာပိတ်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။
Comments
Post a Comment