Skip to main content

Posts

Showing posts from November, 2020

SketchUp 2021 မှာ အသစ်ပါလာတာတွေ

SketchUp 2021 မှာ အသစ်ပြောင်းသွားတာတွေကတော့ အရမ်းကြီးမများသလို နည်းတယ်လို့လဲပြောလို့မရပါဘူး။ အသိသာဆုံးအပြောင်းအလဲကတော့ Icon ပုံစံနဲ့ UI အရောင်ပြောင်းသွားတယ် အရင်က အနီရောင်တွေကိုပဲ အဓိကထား သုံးနေရာကနေ အခု ပြာရောင်ဖြစ်သွားပြီ 😅၊ နောက်တစ်ခုကတော့ Layer တွေ(SketchUp အသုံးအရတော့ Tags) ကို Group Folder လုပ်လို့ရသွားတယ် ပြောရရင် Photoshop မှာလိုဖြစ်သွားတာပါပဲ တော်တော်လေးအဆင်ပြေတယ် Tags (Layer) အများကြီးနဲ့ အလုပ်လုပ်နေတဲ့သူတွေဆိုရင်တော့ အတော်လေးကြိုက်မယ်လို့ထင်ပါတယ်။ (ပုံ-တွင်ကြည့်ပါ) ပုံ-၁ အကောင်းဆုံး Feature အသစ်လို့ပြောရမယ့်ဟာကတော့ Live Component ပါပဲ အခုကတော့ Live Component သိပ်မရှိသေးပေမယ် နောင်မှာပိုများလာမယ်လို့ထင်ပါတယ်။ Live Component ကဘယ်လိုလဲဆိုတော့ သူ့အထဲမှာ ခွင့်ပြုပေးထားတာတဲ့  Parameter တွေကို စိတ်ကြိုက်ပြောင်းယူလို့ရပါတယ် အမြင့်တွေ၊ အကျယ်တွေ၊ ပုံစံတွေ စသည်ဖြင့်ပေါ့။ Live Component ကို SketchUp 2021 မှာတော့ သုံးရတာလွယ်ပါတယ် 3D Warehouse ကနေပဲ Live Component ကိုရှာ Download လုပ်ပြီး SketchUp 2021 ထဲမှာ စိတ်ကြိုက်ပြင်ပြီးသုံးလို့ရပါမယ်။ (ပုံ-၂ နှင့် ပုံ-၃ တွင်ကြည့်ပါ) ပုံ-၂ ပုံ-...

Google Photo က Unlimited Photo Storage မပေးတော့

မနေ့က Google Photo ကနေ သူတို့ရဲ့ Unlimited Photo Storage မပေးတော့ဘူးဆိုတဲ့ကြောင်း mail ပို့လာတယ်( အရင်က High quality သုံးပြီးသိမ်းမယ်ဆိုရင် Unlimited သိမ်းလို့ရ)။ အတော်လေး ကြေကွဲးစရာကောင်းတဲ့ mail ပေါ့လေ June 1, 2021 ကနေစပြီးတော့ Google Photo မှာတင်တဲ့ပုံတွေကို တစ်ခြား Google Services တွေလိုပဲ Google Drive Storage မှာပဲ သိမ်းသွားတော့မယ်၊ အခမဲ့သုံးခွင့်ပေးထားတဲ့ 15Gb ကျော်သွားရင် Google One ဝယ်သုံးရမယ်ဖြစ်သွားပြီ။ ကောင်းတာတစ်ခုက June 1, 2021 နေ့မတိုင်ခင်တင်ထားတာတွေကို ထည့်တွက်မှာမဟုတ်ပါဖူး အရင်က Photo တွေ ဘယ်လောက်ရှိခဲ့ရှိခဲ့ June 1, 2021 ကျော်မှ 15Gb ထဲကိုစပြီးသိမ်းမှာပါ။ အဟောင်းတွေကိုတော့ Storage ကျော်နေလဲ ဖျက်မပစ်ပါဘူး။