Skip to main content

Posts

Showing posts from October, 2020

Windows မှာ Microsoft Office ရဲ့ Crack လိုင်စင်ကီးကို ဖျက်နည်း

ဒီနေ့မှ Microsoft Office Pro 2019 လိုင်စင်ဝယ်မယ်ဆိုပြီးဝယ်လိုက်တယ် ဝယ်တာကဈေးလဲမကြီးဘူး သိပ်လဲမခက်ဖူး။ ဝယ်ပြီးတော့ သူပြောတဲ့ အဆင့်တွေအတိုင်း လိုက်လုပ်လိုက်တယ် ဘာပြဿနာမှမရှိဘူး လိုင်စင်နဲ့ဖြစ်သွားပြီဆိုပြီး ပျော်နေတာမှာ ခဏနေတော့ အပျော်တွေပျောက်ကုန်ရော။ ဘာလို့လဲဆိုတော့ အရင်သွင်းထားတဲ့ Crack လိုင်စင်တွေကလဲ ပျက်မသွားဘူး အသစ်သွင်းလိုက်တဲ့ တရားဝင်လိုင်စင်လဲရှိနေတယ် Activate လဲဖြစ်တယ်။ ရောင်းတဲ့သူက အရင်သွင်းထားတဲ့ Office ကိုအကုန်ဖြုတ်ချပြီးမှ အစကနေပြန်သွင်းခိုင်းတာဆိုတော့ Office ကိုဖျက်လိုက်ပြီးတော့ Restart များမချမိလို့လားဆိုပြီး နောက်တစ်ခါ ပြန်ဖျက်ပြီး Restart လုပ် ပြန်သွင်းတော့လဲ အရင်လိုပဲ အဟောင်းတွေကရှိနေတုန်းပဲ။ လျှောက်ရှာဖွေမွှေနှောက်ကြည့်ပြီးတဲ့နောက်မှာ Microsoft Community မှာ ကိုယ်လိုဖြစ်တာကို မေးထားတာလေး  တွေ့တာနဲ့ အဲ့ဒီအတိုင်း လိုက်လုပ်လိုက်တာ အဆင်ပြေသွားရော။ လုပ်နည်းကဘာမှသိပ်မခက်ပါဘူး CMD တော့သုံးရမယ်။ ပထမဆုံး CMD ကို C:\Program Files (x86)\Microsoft Office\Office15  C:\Program Files\Microsoft Office\Office15 အဲ့ ၂ နေရာထဲက တစ်ခုထဲမှာ (ကျနော်စက်မှာဆိုရင် C:\Program Files (...

V Ray 5 For Sketchup မှာ ဘာတွေထူးလာသလဲ

V Ray 5 For Sketchup မှာ အရင် V Ray Next 4.20 နဲ့မတူပဲ အသစ်ပါလာတာတွေရှိပါတယ် အဲ့ထဲကမှအမိုက်ဆုံးကတော့ V Ray Vision ပါပဲ Real Time Render ရပါတယ် ကျနော်စက်အစုတ်လေးမှာတောင်ကောင်းကောင်း အလုပ် လုပ်နိုင်ပါတယ် (အောက်မှာ နမူနာ ဗွီဒီယိုဖိုင်လေးတင်ပေးထားပါတယ်)။ V Ray Light Generator ကတော့ Beta မှာမို့လို့လား ဒါမှမဟုတ်ကျနော့်စက်က မကောင်းတာမို့လို့လားတော့မသိဘူး သိပ်ပြီးအဆင်မပြေသလိုပဲဖြစ်နေတယ်။ နောက်ထပ် သိသာတဲ့ အပြောင်းအလဲကတော့ V Ray Frame Buffer Windows ပါပဲ အတော်လေးပြောင်းသွားပါတယ် တစ်ခြားအပြင်က Photo Editor တွေမသုံးပဲနဲ့ ပုံတွေကို တော်ရုံတန်ရုံလောက် ပြင်လို့ရသွားပါတယ်။ (ပုံ-၁၊ ပုံ-၂) ပုံ-၁ ပုံ-၂ ကျနော်လဲ အခုမှစမ်းနေတုန်းမို့လို့ အခုလောလောဆယ်တော့ ဒီလောက်ပဲတင်ပေးထားပါအုံးမယ် နောက်မှ ထပ်တွေ့တာတွေကို Update လုပ်ပေးသွားပါမယ်။ V Ray 5 For SketchUP  ကိုစမ်းသုံးချင်ရင်တော့ လောလောဆယ် မှာ Beta အနေနဲ့သုံးလို့ရပါတယ်။