ကျနော်တို့ Youtube မှာဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ် Video Tutorials တွေတင်တဲ့အခါမှာ နောက်ခံသီချင်းသံတွေထည့်ရင် မူပိုင်ခွင့်အရ တင်လို့မရဘူးဆိုပြီး ဖျက်ခံရတာတွေရှိပါတယ်။ အဲ့ဒီလိုအဖျက်မခံရဖို့ကတော့ သူများတီးထားတဲ့ သီချင်းတွေမသုံးပဲ ကိုယ်တိုင်လုပ်ဖို့ ဒါမှမဟုတ်ရင် CC License (Creative Commons license) ပေးထားတဲ့ သီချင်းတွေပဲသုံးဖို့ပဲရှိပါတယ်။ Youtube မှာဆိုရင် Youtube Studio ထဲမှာ Audio Libary ပါပါတယ် အဲ့ဒီအထဲကသီချင်းတွေက CC License တွေနဲ့ပါပဲ ကြိုက်တဲ့သူ ယူသုံးလို့ရပါတယ်။ ဒါပေမယ့် ပိုများတာကတော့ Sound Cloud ကပိုများပါတယ် သီချင်းသံစဉ်အမျိုးအစားအစုံ ကြာချိန်အစုံရှိပါတယ်။ ရှာနည်းကတော့သိပ်မခက်ပါဘူး Sound Cloud Search မှာ Ambient or Background Music လို့ရိုက်ထည့်ပြီးရှာလိုက်ရင် နောက်ခံတီးလုံးနဲ့ သီချင်းတွေ ကျလာပါလိမ်မယ်။ မူလအနေနဲ့ကတော့ Everything မှာရှိနေပါတယ် အဲ့ဒီအတွက် သီချင်းက လိုင်စင်အစုံပါနေမှာပါ။ (ပုံ ၁) ပုံ ၁ သုံးလို့ရမယ် CC License သီချင်းတွေကိုရှာဖို့ Tracks Tab ကိုသွားပါ။ Tracks Tab အောက်မှာ To Listen to ဆိုတဲ့နာမည်နဲ့ လိုင်စင်အမျိုးအစားရွေးလို့ရတဲ့ နေရာလေးပါပါတယ်။ (ပုံ ၂)...