အရင် Windows တွေမှာတုန်းကတော့ Local User အနေနဲ့ပဲသုံးခဲ့တော့ User Folder Name ပြောင်းတာမှာ သိပ်ပြီးမခက်လှဘူးလို့ထင်ခဲ့တာ (မမှတ်မိတော့လိုလဲဖြစ်နိုင်တယ် 😅) အခုက Microsoft Account နဲ့ချိတ်ပြီးသုံးတဲ့အချိန်မှာ အတော်လေးတိုင်ပတ်တယ်။ Windows အသစ်တင်လိုက်ပြီး နာမည်စိတ်ကြိုက်ပေးထားတာကို Microsoft Account Log in လုပ်လိုက်တာနဲ့ Sync ဖြစ်ပြီး အရင် User Folder နာမည်အဟောင်းကို အလိုလိုပြင်ပေးသွားတယ်။ သူကတော့လွယ်အောင် Sync လုပ်ပေးလိုက်တာဆိုပေမယ့် ကိုယ်ကနာမည်အသစ်လိုချင်လို့မှလုပ်ထားပါတယ်ဆို ဇွတ်တွေပြောင်းလိုက်တော့ ခက်ကုန်ရော ဟိုရှာဒီရှာနဲ့ အတော်တိုင်ပတ်သွားပေမယ် အခုတော့အဆင်ပြေသွားပြီ အရမ်းကြီးလဲမခက်ပါဘူး။
ပထမဆုံး CMD ကို Administrator အနေနဲ့ဖွင့်ပါ ပြီးရင် Command Line မှာ net user administrator /active:yes ဆိုတဲ့ Command ရိုက်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် Administrator Account ပွင့်လာပါမယ် လက်ရှိ Account ကနေ Sign Out လုပ်ပြီး Administrator Account ထဲကိုဝင်ပါ။
- C:Users/ အောက်ကိုသွားပြီး ကိုယ်နာမည်ပြောင်းချင်တဲ့ User Folder Name ကိုပြောင်းလိုက်ပါ။
- Run (Windows+R) မှာ regedit လို့ရိုက်ထည့်ပြီး Registry Editor ကိုဖွင့်ပါ။
- Registry Editor မှာ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\ProfileList အဲ့ဒီလမ်းကြောင်းအတိုင်းသွားပြီးတော့ ကိုယ်ပြင်ချင်တဲ့ User Profile ကိုရှာပြီး ProfileImageParth မှာနာမည်ပြင်ပေးလိုက်ပါ။ (ပုံ ၁ မှာကြည့်ပါ)
ပုံ ၁ |
- ပြီးရင်တော့ အကုန်ပိတ်ပြီး Administrator Account ကနေ Sign Out လုပ်ပြီး ကိုယ့် Account ထဲကိုပြန်ဝင်ပါ။ ကျနော်တော့ အဲ့လိုပြန်ဝင်ချိန်မှာ Desktop Folder ကမရှိဘူးဆိုတဲ့ Error တော့တက်တယ် Error ကိုပိတ်လိုက်ပြီးတော့Windows Explorer (Windows+E) ကိုဖွင့်ပါ။ Desktop Folder ပေါ်မှာ Right Click နှိပ်ပြီးတော့ Properties ထဲကိုဝင်လိုက်ပါ။ Desktop Properties Window ထဲက Location Tab အောက်မှာ Desktop Folder ရှိတဲ့ File Path မှာ User Name အသစ်ပြင်ပေးပြီး OK နှိပ်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။ (ပုံ ၂ မှာနမူနာကြည့် ကြည့်ပါ)
ပုံ ၂ |
ဒါတွေအကုန်ပြီးသွားရင်တော့ User Folder Name ကအသစ်ပြင်ထားတဲ့အတိုင်ဖြစ်သွားပါပြီ။ နောက်ဆုံးအနေနဲ့ Administrator Account ပြန်ပိတ်ဖို့အတွက် CMD ကို Administrator အနေနဲ့ဖွင့်ပါ ပြီးရင် Command Line မှာ net user administrator /active:no ဆိုတဲ့ Command ရိုက်ပေးလိုက်ပါ။ Administrator Account ပြန်ပိတ်သွားပါလိမ်မယ် ဒါဆိုရင်တော့ User Folder Name ပြောင်းတဲ့လုပ်ငန်းကြီး ပြီးသွားပါပြီ။ 😁
***Windows Home Edition မှာတော့ ဒီလိုပြောင်းလို့မရဘူးလို့ပြောပါတယ်***
ကျန်ခဲ့တယ်လို့ပြောလို့ရလို့ထပ်ပြီး Update လုပ်ပေးလိုက်ရပါတယ် အပေါ်ကနည်းအတိုင်း User Folder Name ပြောင်းလိုက်ပြီးချိန်မှာ အရင်သွင်းထားဖူးတဲ့ Software အများစုမှာ File Path ကနာမည်အဟောင်းအတိုင်းပဲကျန်နေပါသေးတယ်။ အဲ့ဒါကိုပြန်ပြင်ဖို့ဆိုရင် Registry ထဲကိုသွားပြင်မှအဆင်ပြေမှာဖြစ်တဲ့အပြင် နေရာအတော်များများမှာ သွားရှာပြီးပြင်ရမှာပါ။ ကျနော်လို သာမာန် End User အနေနဲ့တော့ သိပ်ပြီးမဖြစ်နိုင်ပါဘူး အရင်ကတော့ အဲ့ဒီလိုဖြစ်ရင် အဆင်မပြေတော့တဲ့ Software ကို Uninstall လုပ် Registry Cleaner Software တစ်ခုနဲ့ Registry တွေကိုရှင်းထုတ် ပြီးမှ Software ကိုပြန်သွင်းရပါတယ် အတော်လေး အလုပ်ရှုပ်ပါတယ်။ တနေ့ကမှ Registry Finder ဆိုတဲ့ Software လေးအကြောင်းတွေ့တာနဲ့ စမ်းကြည့်မိတော့မှ အတော်လေး အဆင်ပြေတာကို သိလိုက်ရတယ်။ အဲ့ဒီ Software လေးက Registry ထဲမှာကျန်နေတဲ့ User Name အဟောင်းတွေကို Find and Replace လုပ်ပေးနိုင်ပါတယ်။ သုံးနည်းအရမ်းလွယ်ပါတယ် Registry Finder ကို Download ဆွဲပြီး Install လုပ် ပြီးရင် Software ကိုဖွင့်ပြီး Find (Ctrl+f) ကိုနှိပ်ပြီး အရင် User Name အဟောင်းကိုရှာပါ ခဏတော့စောင့်ရပါတယ်။ ရှာလို့ပြီးသွားတာနဲ့ Replace (Ctrl+r) ကိုနှိပ်ပြီး User Name အသစ်ကို Replace လုပ်ပေးလိုက်ပါ ခဏတော့စောင့်ရပါတယ်။ ပြီးရင်တော့ Registry ကို Save လုပ်ပေးလိုက်ရင် ရသွားပါပြီ။
Comments
Post a Comment