Skip to main content

Microsoft Word ရဲ့ Table of Contents မှာ မြန်မာလို စာမျက်နှာနံပါတ် ဖြစ်အောင်လုပ်နည်း

MUA မှာမေးထားတာတွေ့လို့ စမ်းရင်းနဲ့ အဆင်ပြေသွားတာလေးပါ ဘာမှတော့မခက်ပါဘူး Microsoft Word မှာ Page Number တွေကို မြန်မာလိုပေးထားပေမယ် Table of Contents ကိုသုံးလိုက်တဲ့အချိန် စာမျက်နှာနံပတ်တွေက အင်္ဂလိပ်လိုပဲပေါ်နေရင် (ပြင်မထားရင် အင်္ဂလိပ်လိုပဲပေါ်မှာပါ) အောက်ကအတိုင်းလိုက်လုပ်ပေးလိုက်ပါ။
 "Reference Tab မှာရှိတဲ့ Table of Contents ထဲက Custom Table of Contents ကိုနှိပ်လိုက်ပါ။ Windows တစ်ခုပွင့်လာပါလိမ့်မယ်။ ပွင့်လာတဲ့ Windows ထဲက Table of Content Tab ထဲမှာ Modify ကို ထပ်နှိပ်လိုက်ရင် နောက်ထပ် Windows တစ်ခုထပ်ပွင့်လာပါမယ် အဲ့ဒီထဲက TOC 1 to 9 မှာ Modify နှိပ်ပြီးတော့ Pyidaungsu Number Font ပြောင်းပေးလိုက်ရင် ရပါပြီ။"



မာတိကာက ခေါင်းစဉ်တွေရဲ့ရှေ့မှာ မြန်မာဂဏန်းတွေပါနေလို့ Table of  Contents ကို Update လုပ်တိုင်း အင်္ဂလိပ်လိုပြန်ပြောင်းသွားရင်လဲ TOC မှာ ထားထားတဲ့ Fonts ကိုစစ်ပြီး Pyidaungsu Number ကိုထားပေးပါ Pyidaungsu Number ဖြစ်ရဲ့နဲ့မရဘူးဆိုရင်တော့ Define New Number Format မှာ Font ကို Pyidaungsu Number တွေပဲထားပေးလိုက် အဲ့ဒါဆိုရင်ရသွားပါလိမ်မယ်။


Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

Windows XP and 7 Keyboards

Windows XP & 7 အတွက် ယူနီကုဒ်ကီးဘုတ်လေးပါ Windows 8.1 & 10 မှာပါလာတဲ့ Windows Built in  မြန်မာကီးဘုတ်နဲ့ အတူတူပါပဲ သရက ဗျည်းနဲ့ ဗျည်းတွဲ နောက်ကနေရိုက်ရမှာပါ Logical Keyboard ဖြစ်လို့ Excel လို Software မျိုးမှာ Error ကင်းကင်းနဲ့ သုံးလို့ရနိုင်မှာပါ Download Here  

Android တစ်ချို့အတွက် Unicode ပြောင်းနည်း

Mi A1, A2, One Plus, Android One and Pure Android Phone Mi A1, A2, One Plus, Android One and Pure Android Phone တို့လိုဖုန်းတွေမှာ မူလပါတာ ယူနီကုဒ်ပါပဲ Root ပြီးဇော်ဂျီထည့်ထားကြတာတာပါ System Update ပေးနေတာရှိရင် Update လုပ်လိုက်ပါ မရှိရင်တော့ (Update လုပ်လို့မရရင်) firmware ပြန်တင်လိုက်တာကောင်းတာပါပဲ ကိုယ်တိုင်လုပ်လို့အဆင်မပြေရင် ဆိုင်သာသွားလုပ်ပါ Mi Phone (xiaomi and redmi) Settings>> Display>> System fonts ထဲဝင်ပြီး ထိပ်ဆုံးမှာရှိတဲ့ Mi Lanting (Default) ဆိုတာကိုနှိပ်၊ Apply and reboot လုပ်ပေးလိုက်ပါ။ ကီးဘုတ်ကတော့ အဆင်ပြေတဲ့ ယူနီကုဒ်ကိုထောက်ပံ့တဲ့ကီးဘုတ်တစ်ခုခုကိုသုံးပါ။ Display မတွေ့ရင် Themes ထဲက Default Themes ကို apply and reboot လုပ်ပါ။ Samsung Font Style မှာ Default ထား ပြီးရင် Language and input > English(US/UK) ရွှေးထားပေးလိုက်ရင်ရပါပြီ ကီးဘုတ်က တစ်ခြားအဆင်ပြေတဲ့ကီးဘုတ်တစ်ခုခုကိုသုံးလိုက်ပါ တစ်ချို့ဖုန်းတွေမှာ အောက်ကနည်းနဲ့ပြောင်းယူပါ Setting>> Language>> English (US or UK) Setting>> Display>> Font style >> Defau...