Windows ကိုတစ်ချို့က Crack ပြီးသုံးတယ် တစ်ချို့က ဝယ်ပြီးသုံးကြတယ် ကောင်းတာကတော့ ဝယ်ပြီးသုံးတာ အကောင်းဆုံးပေါ့လေ Crack မှာက Virus ဝင်ဖို့က Genuine ထက်ပိုပြီးအခွင့်အရေးများပါတယ် ထားပါ အခုပြောပြချင်တာကတော့ Windows က လိုင်စင်တော့ဖြစ်နေပြီ ဒါပေမယ် လိုင်စင်အစစ်လား ဒါမှမဟုတ် Crack ပြီးလိုင်စင်ဖြစ်အောင်လုပ်ထားတာလား ခွဲလို့ရတဲ့နည်းလေးပါ ဘာမှတော့မခက်ပါဘူး
ပုံ (၁) မှာ ပြထားတဲ့အတိုင်း cmd မှာ
slmgr /dli လို့ရိုက်ထည့်လိုက်ပါ Windows တစ်ခုပွင့်လာပါလိမ့်မယ်
|
ပုံ (၁) |
အောက်က ပုံ (၂) လို Windows ပွင့်လာတာဆိုရင်တော့ Crack လုပ်ထားတာပါ
|
ပုံ (၂) |
အောက်က ပုံ (၃) လို Windows ပွင့်လာတယ်ဆိုရင်တော့ Genuine ဖြစ်တဲ့ Windows ပါ တရားဝင်ဝယ်ထားတယ်လို့ပြောလို့ရပါတယ်
|
ပုံ (၃) |
နောက်ထပ်အနေနဲ့ cmd မှာ
slmgr /xpr လို့ရိုက်လိုက်ပြီး အောက်က ပုံ (၄) လိုပွင့်လာရင် လိုင်စင်ဖြစ်နေလို့ပါပဲ
|
ပုံ (၄) |
Comments
Post a Comment