Skip to main content

Posts

Showing posts from August, 2020

Windows User Folder Name ကို စိတ်ကြိုက်ပြန်ပြောင်းနည်း

  အရင် Windows တွေမှာတုန်းကတော့ Local User အနေနဲ့ပဲသုံးခဲ့တော့ User Folder Name ပြောင်းတာမှာ သိပ်ပြီးမခက်လှဘူးလို့ထင်ခဲ့တာ (မမှတ်မိတော့လိုလဲဖြစ်နိုင်တယ် 😅) အခုက Microsoft Account နဲ့ချိတ်ပြီးသုံးတဲ့အချိန်မှာ အတော်လေးတိုင်ပတ်တယ်။ Windows အသစ်တင်လိုက်ပြီး နာမည်စိတ်ကြိုက်ပေးထားတာကို Microsoft Account Log in လုပ်လိုက်တာနဲ့ Sync ဖြစ်ပြီး အရင် User Folder နာမည်အဟောင်းကို အလိုလိုပြင်ပေးသွားတယ်။ သူကတော့လွယ်အောင် Sync လုပ်ပေးလိုက်တာဆိုပေမယ့် ကိုယ်ကနာမည်အသစ်လိုချင်လို့မှလုပ်ထားပါတယ်ဆို ဇွတ်တွေပြောင်းလိုက်တော့ ခက်ကုန်ရော ဟိုရှာဒီရှာနဲ့ အတော်တိုင်ပတ်သွားပေမယ် အခုတော့အဆင်ပြေသွားပြီ အရမ်းကြီးလဲမခက်ပါဘူး။ ပထမဆုံး CMD ကို Administrator အနေနဲ့ဖွင့်ပါ ပြီးရင် Command Line မှာ net user administrator /active:yes ဆိုတဲ့ Command ရိုက်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် Administrator Account ပွင့်လာပါမယ် လက်ရှိ Account ကနေ Sign Out လုပ်ပြီး Administrator Account ထဲကိုဝင်ပါ။  C:Users/ အောက်ကိုသွားပြီး ကိုယ်နာမည်ပြောင်းချင်တဲ့ User Folder Name ကိုပြောင်းလိုက်ပါ။ Run (Windows+R) မှာ regedit လို့ရိုက်ထည့်ပြီး Reg...

Windows License က Crack လား Genuine လား စစ်နည်း

Windows ကိုတစ်ချို့က Crack ပြီးသုံးတယ် တစ်ချို့က ဝယ်ပြီးသုံးကြတယ် ကောင်းတာကတော့ ဝယ်ပြီးသုံးတာ အကောင်းဆုံးပေါ့လေ Crack မှာက Virus ဝင်ဖို့က Genuine ထက်ပိုပြီးအခွင့်အရေးများပါတယ် ထားပါ အခုပြောပြချင်တာကတော့ Windows က လိုင်စင်တော့ဖြစ်နေပြီ ဒါပေမယ် လိုင်စင်အစစ်လား ဒါမှမဟုတ် Crack ပြီးလိုင်စင်ဖြစ်အောင်လုပ်ထားတာလား ခွဲလို့ရတဲ့နည်းလေးပါ ဘာမှတော့မခက်ပါဘူး ပုံ (၁) မှာ ပြထားတဲ့အတိုင်း cmd မှာ slmgr /dli လို့ရိုက်ထည့်လိုက်ပါ Windows တစ်ခုပွင့်လာပါလိမ့်မယ် ပုံ (၁) အောက်က ပုံ (၂) လို Windows ပွင့်လာတာဆိုရင်တော့ Crack လုပ်ထားတာပါ ပုံ (၂) အောက်က ပုံ (၃) လို Windows ပွင့်လာတယ်ဆိုရင်တော့ Genuine ဖြစ်တဲ့ Windows ပါ တရားဝင်ဝယ်ထားတယ်လို့ပြောလို့ရပါတယ်  ပုံ (၃) နောက်ထပ်အနေနဲ့ cmd မှာ slmgr /xpr  လို့ရိုက်လိုက်ပြီး အောက်က ပုံ (၄) လိုပွင့်လာရင် လိုင်စင်ဖြစ်နေလို့ပါပဲ ပုံ (၄)

Microsoft Word ရဲ့ Table of Contents မှာ မြန်မာလို စာမျက်နှာနံပါတ် ဖြစ်အောင်လုပ်နည်း

MUA မှာမေးထားတာတွေ့လို့ စမ်းရင်းနဲ့ အဆင်ပြေသွားတာလေးပါ ဘာမှတော့မခက်ပါဘူး Microsoft Word မှာ Page Number တွေကို မြန်မာလိုပေးထားပေမယ် Table of Contents ကိုသုံးလိုက်တဲ့အချိန် စာမျက်နှာနံပတ်တွေက အင်္ဂလိပ်လိုပဲပေါ်နေရင် (ပြင်မထားရင် အင်္ဂလိပ်လိုပဲပေါ်မှာပါ) အောက်ကအတိုင်းလိုက်လုပ်ပေးလိုက်ပါ။  "Reference Tab မှာရှိတဲ့ Table of Contents ထဲက Custom Table of Contents ကိုနှိပ်လိုက်ပါ။ Windows တစ်ခုပွင့်လာပါလိမ့်မယ်။ ပွင့်လာတဲ့ Windows ထဲက Table of Content Tab ထဲမှာ Modify ကို ထပ်နှိပ်လိုက်ရင် နောက်ထပ် Windows တစ်ခုထပ်ပွင့်လာပါမယ် အဲ့ဒီထဲက TOC 1 to 9 မှာ Modify နှိပ်ပြီးတော့ Pyidaungsu Number Font ပြောင်းပေးလိုက်ရင် ရပါပြီ။" မာတိကာက ခေါင်းစဉ်တွေရဲ့ရှေ့မှာ မြန်မာဂဏန်းတွေပါနေလို့ Table of  Contents ကို Update လုပ်တိုင်း အင်္ဂလိပ်လိုပြန်ပြောင်းသွားရင်လဲ TOC မှာ ထားထားတဲ့ Fonts ကိုစစ်ပြီး Pyidaungsu Number ကိုထားပေးပါ Pyidaungsu Number ဖြစ်ရဲ့နဲ့မရဘူးဆိုရင်တော့ Define New Number Format မှာ Font ကို Pyidaungsu Number တွေပဲထားပေးလိုက် အဲ့ဒါဆိုရင်ရသွားပါလိမ်မယ်။