Sketchup V Ray 4.2 မှာ HDRI ထည့်ဖို့က အရင်ဗားရှင်းတွေနဲ့ (Version 1.4 & 2.0) မတူတော့ပါဘူး Version 3.xx နဲ့တော့တူပါတယ် (V 4.2 ကပိုစုံပြီးပိုလဲကောင်းတဲ့အတွက် V 3.xx သုံးနေရင်လဲ V 4.xx ကိုပြောင်းသုံးဖို့ အကြံပြုပါတယ်) HDRI ထည့်ဖို့အတွက် V Ray Setting ကိုသွားပြီး Environment ထဲကိုဝင်ပါ နမူနာ ပုံ ၁ နဲ့ ပုံ ၂ ကိုကြည့်ပါ ပုံ ၁ ပုံ ၂ Environment ထဲက Background ရဲ့ Texture Slot ကိုနှိပ်လိုက်ပါ ပုံ ၃ မှာ အနီတားပြထားပါတယ် ပုံ ၃ Texture Slot ကိုနှိပ်လိုက်တာနဲ့ Texture ရွေးဖို့ windows ပွင့်လာပါမယ် Default ကတော့ Sky ဖြစ်နေမှာပါ ပုံ ၄ မှာပြထားသလို Sky ဘေးက Texture Slot ကိုနှိပ်လိုက်ပါ ပုံ ၅ မှာလို Texture ရွေးစရာတွေပေါ်လာပါလိမ်မယ် အဲ့ဒီအထဲကမှ Bitmap ကိုရွေးလိုက်ပါ File ရွေးဖို့ Windows တစ်ခုထပ်ပွင့်လာပါမယ် အဲ့ဒီမှာ ကိုယ်ထည့်မယ် HDRI file ကိုသွားပြီး Select လုပ်ပေးလိုက်ပါ ပုံ ၄ ပုံ ၅ အပေါ်ကအဆင်တွေပြီးရင်တော့ HDRI file ထည့်တာပြီးပါပြီ တစ်ခုရှိတာက HDRI ထည့်ပြီး Render လုပ်တဲ့အချိန်မှာ Environment က မှောင်လွန်းနေတာတွေဘာတွေဖြစ်နေရင်တော့ ပုံ ၆ မှာပြထားသလို Background Colour ကို အဖြူရောင်ထား...