Blogger မှာ Interface အသစ်ကို User တစ်ချို့ကို Invite လုပ်ပြီးစမ်းခိုင်းနေတာ
နည်းနည်းကြာနေပါပြီ အခုတော့ Jun လနောက်ပိုင်းကနေစပြီး Interface အသစ်ကို
Default ထားပေးထားတော့မယ်လို့ပြောပါတယ်
စရခါစက သုံးရတာအတော်လေး အဆင်မပြေဘူး ဥပမာ ဓာတ်ပုံတွေကို အလယ်တည့်တည့်မှာထားချင်တာတို့ဘာတို့မှာ လွယ်လွယ်ထားလို့မရပဲ HTML View ကနေသွားပြီးပြင်ရတာတွေနဲ့ နည်းနည်းအလုပ်ရှုပ်ပါတယ် အခုကတော့ အဲ့ဒါတွေ အဆင်ပြေသွားပါပြီ
ကျန်တာတွေလဲ နည်းနည်းပါးပါးပုံစံပြောင်းသွားပေမယ် အရမ်းတော့မသိသာပါဘူး Setting မှာတော့ အရင်က Tab အခွဲလေးတွေနဲ့ပြနေတာကနေ အခုက ခေါင်းစဉ်နဲ့ပေါင်းပြီးပြပေးသွားတယ် ကြည့်ရတာ သိပ်မရှုပ်တော့တာပေါ့

Interface အသစ်ကဘာတွေထူးလာလဲဆိုတော့ ပုံစံပြောင်းသွားတာပါပဲ Blogger Dashboard
မှာရှိတဲ့ ပုံစံလေးတွေပြောင်းသွားတယ် Post မှာ Post အသစ်ရေးဖို့ Create New Post
က Gmail မှာ Create New Email လိုပဲ ညာဖက်အောက်နားမှာ အပေါင်းပုံလေးနဲဖြစ်သွားတယ်
ကိုယ်ရေးထားတဲ့ Post တွေကိုပြတဲ့ပုံလဲပြောင်းထားတယ်
Blogger Dashboard |
ကျန်တာတွေလဲ နည်းနည်းပါးပါးပုံစံပြောင်းသွားပေမယ် အရမ်းတော့မသိသာပါဘူး Setting မှာတော့ အရင်က Tab အခွဲလေးတွေနဲ့ပြနေတာကနေ အခုက ခေါင်းစဉ်နဲ့ပေါင်းပြီးပြပေးသွားတယ် ကြည့်ရတာ သိပ်မရှုပ်တော့တာပေါ့
Post ရေးတဲ့နေရာမှာတော့ အကုန်အသစ်ဖြစ်သွားတယ်
ရှင်းပြီးပိုလွယ်သွားတယ်လို့ခံစားရတယ် Table အတွက် Table Tool
ထည့်ပေးထားတယ် HTML မသိလဲ Table တွေလုပ်လို့ရသွားပြီ (အကောင်းကြီးမဟုတ်ပေမယ်
မဆိုးပါဘူး) 😅 Input Tool ကနေ မြန်မာကီးဘုတ်ထည့်လို့ရတယ်
အဲ့အတွက်စက်မှာကီးဘုတ်မရှိရင်တောင် စာရေးလို့ရမှာပါ
Format as Code ဆိုတာပါလာပြီးတော့ Code တွေကိုနမူနာပြချင်ရင်လဲ
လွယ်လွယ်ကူကူပြလို့ရသွားမှာပါ ကျနော် အရင်ရေးဖူးတဲ့
Post တောင်မလိုတော့ဘူး
HTML View ပြောင်းလိုက်ရင်လဲ အရင်လိုမဟုတ်ပဲ Code Editor တွေမှာလို
ပြပေးတယ်ဆိုတော့ မဆိုးဘူးပြောရမယ် အတော်လေးမိုက်လာတယ်
HTML View |
Post Preview ကြည့်တဲ့အချိန်မှာလဲ အပြောင်းအလဲလုပ်ပေးထားတယ်ပြောရမယ် ဘယ်လို
Devices ပေါ်ကမြင်ရတဲ့ပုံစံကိုကြည့်မယ်ဆိုတာ ရွေးလို့ရတယ်
အတော်လေးကိုအဆင်ပြေသွားတယ် အရင်ကလိုကိုယ်ရေးထားတာတဲ့စာနဲ့ပုံတွေက
ကွန်ပျူတာမှာအဆင်ပြေပြီး ဖုန်းမှာအဆင်ပြေမပြေမသိရဘူး မဖြစ်တော့ဘူး
တစ်ခါတည်းတန်းကြည့်လို့ရတယ်
အခုလေားလောဆယ်သတိထားမိသလောက်ကတော့ ဒါပဲတွေ့သေးတာ ထပ်ရှာတွေရင် Update
လုပ်ပေးပါမယ် 😁😁
Comments
Post a Comment