Blogger မှာ Interface အသစ်ကို User တစ်ချို့ကို Invite လုပ်ပြီးစမ်းခိုင်းနေတာ နည်းနည်းကြာနေပါပြီ အခုတော့ Jun လနောက်ပိုင်းကနေစပြီး Interface အသစ်ကို Default ထားပေးထားတော့မယ်လို့ပြောပါတယ် စရခါစက သုံးရတာအတော်လေး အဆင်မပြေဘူး ဥပမာ ဓာတ်ပုံတွေကို အလယ်တည့်တည့်မှာထားချင်တာတို့ဘာတို့မှာ လွယ်လွယ်ထားလို့မရပဲ HTML View ကနေသွားပြီးပြင်ရတာတွေနဲ့ နည်းနည်းအလုပ်ရှုပ်ပါတယ် အခုကတော့ အဲ့ဒါတွေ အဆင်ပြေသွားပါပြီ Interface အသစ်ကဘာတွေထူးလာလဲဆိုတော့ ပုံစံပြောင်းသွားတာပါပဲ Blogger Dashboard မှာရှိတဲ့ ပုံစံလေးတွေပြောင်းသွားတယ် Post မှာ Post အသစ်ရေးဖို့ Create New Post က Gmail မှာ Create New Email လိုပဲ ညာဖက်အောက်နားမှာ အပေါင်းပုံလေးနဲဖြစ်သွားတယ် ကိုယ်ရေးထားတဲ့ Post တွေကိုပြတဲ့ပုံလဲပြောင်းထားတယ် Blogger Dashboard ကျန်တာတွေလဲ နည်းနည်းပါးပါးပုံစံပြောင်းသွားပေမယ် အရမ်းတော့မသိသာပါဘူး Setting မှာတော့ အရင်က Tab အခွဲလေးတွေနဲ့ပြနေတာကနေ အခုက ခေါင်းစဉ်နဲ့ပေါင်းပြီးပြပေးသွားတယ် ကြည့်ရတာ သိပ်မရှုပ်တော့တာပေါ့ Post ရေးတဲ့နေရာမှာတော...