Skip to main content

Sketchup Vray Next 4.20 မှာ အသစ်တိုးလာတာလေးတွေ

V Ray Next
V Ray အနေနဲ့ V Ray 5 Beta ကို 3D Max အတွက်ထုတ်ပေးနေသလို အရင် V Ray Next ကိုလဲ Update တော့ပေးနေတုန်းပါပဲ အခုနောက်ဆုံး Update ပေးထားတဲ့ V Ray Next 4.20 မှာတော့ အရင်မူလပါတဲ့ Feature တွေအပြင် ထပ်တိုးလာတာတွေရှိပါတယ် ( အရင်ရေးထားတဲ့ V Ray Next အကြောင်းဖတ်ချင်ရင် ဒီမှာ သွားဖတ်ပါ ) ပထမဆုံး Render Engine မှာ အရင်က CPU and GPU ပဲပါတာကနေ အခုက CPU, CUPDA, RTX ဆိုပြီး ၃ ခုဖြစ်သွားပါတယ် CPU ကတော့အရင်လိုပါပဲ CPU Render ပါ CUPDA ကတော့ အရင် GPU Render နဲ့အတူတူပါပဲ CPU ရော GPU ရော ၂ ခုလုံးသုံးပြီး Render လုပ်ပေးမှာပါ RTX ကတော့ RTX Graphic Card တွေရှိတဲ့သူတွေအတွက်ပါ Ray Tracing Technology ပါတဲ့အတွက် ပိုကောင်းတယ် ပိုမြန်ပါတယ် 😁😁 ကျနော်ဆီမှာမရှိတဲ့အတွက်စမ်းတော့မပေးနိုင်ပါဘူး 😅😅
နောက်တစ်ခုကတော့ Viewport Render ပါ Viewport Render ဆိုတဲ့အတိုင်းပါပဲ Viewport တစ်ခုလုံးကို Real Time Render လုပ်ပေးတာပါ စက်ကောင်းဖို့တော့လိုပါမယ် မဟုတ်ရင်တော့ ထစ်နေတာပဲ အဖတ်တင်ပါမယ် Cloud Batch Render လဲမကြခင်ရမယ်လို့တော့ရေးထားတာတွေ့တယ် အခုထိတော့မရသေးဘူး V Ray 5 နဲ့မှ အတူတူပေးမလားတော့မသိဘူး ရရင်တော့ Cloud Base ဖြစ်တဲ့အတွက် အကုန်အတူတူရနိုင်ပါတယ်
နောက်တစ်ခုကတော့ အရင်ကတည်းကအဲ့လိုရမရတော့သတိမထားမိဘူး အခုမှသတိထားမိတဲ့ဟာပါ Render အောက်က Interactive Render ပါ Render လုပ်နေတဲအချိန်မှာ Materials တွေရဲ့ အရောင်တွေကိုလိုက်ပြောင်းပြီးစမ်းလို့ရပါတယ် သူလဲပဲစက်ကောင်းဖို့လိုပါလိမ့်မယ် Materials တစ်ခါပြောင်းရင် Render Auto တစ်ခါပြန်လုပ်တဲ့အတွက် စက်အဟောင်းတွေမှာ သုံးလို့အဆင်ပြေမှာမဟုတ်ပါဘူး (ရတော့ရတယ် စောင့်နေရတာနဲ့ဆိုတော့ဘာမှမထူးဘူး)
တစ်ချို့အကြောင်းအရာတွေကို ပိုသိချင်တယ် ဒါမှမဟုတ် အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီမှာ မှာသွားပြီးဖတ်နိုင်ပါတယ်

Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

Windows XP and 7 Keyboards

Windows XP & 7 အတွက် ယူနီကုဒ်ကီးဘုတ်လေးပါ Windows 8.1 & 10 မှာပါလာတဲ့ Windows Built in  မြန်မာကီးဘုတ်နဲ့ အတူတူပါပဲ သရက ဗျည်းနဲ့ ဗျည်းတွဲ နောက်ကနေရိုက်ရမှာပါ Logical Keyboard ဖြစ်လို့ Excel လို Software မျိုးမှာ Error ကင်းကင်းနဲ့ သုံးလို့ရနိုင်မှာပါ Download Here  

Android တစ်ချို့အတွက် Unicode ပြောင်းနည်း

Mi A1, A2, One Plus, Android One and Pure Android Phone Mi A1, A2, One Plus, Android One and Pure Android Phone တို့လိုဖုန်းတွေမှာ မူလပါတာ ယူနီကုဒ်ပါပဲ Root ပြီးဇော်ဂျီထည့်ထားကြတာတာပါ System Update ပေးနေတာရှိရင် Update လုပ်လိုက်ပါ မရှိရင်တော့ (Update လုပ်လို့မရရင်) firmware ပြန်တင်လိုက်တာကောင်းတာပါပဲ ကိုယ်တိုင်လုပ်လို့အဆင်မပြေရင် ဆိုင်သာသွားလုပ်ပါ Mi Phone (xiaomi and redmi) Settings>> Display>> System fonts ထဲဝင်ပြီး ထိပ်ဆုံးမှာရှိတဲ့ Mi Lanting (Default) ဆိုတာကိုနှိပ်၊ Apply and reboot လုပ်ပေးလိုက်ပါ။ ကီးဘုတ်ကတော့ အဆင်ပြေတဲ့ ယူနီကုဒ်ကိုထောက်ပံ့တဲ့ကီးဘုတ်တစ်ခုခုကိုသုံးပါ။ Display မတွေ့ရင် Themes ထဲက Default Themes ကို apply and reboot လုပ်ပါ။ Samsung Font Style မှာ Default ထား ပြီးရင် Language and input > English(US/UK) ရွှေးထားပေးလိုက်ရင်ရပါပြီ ကီးဘုတ်က တစ်ခြားအဆင်ပြေတဲ့ကီးဘုတ်တစ်ခုခုကိုသုံးလိုက်ပါ တစ်ချို့ဖုန်းတွေမှာ အောက်ကနည်းနဲ့ပြောင်းယူပါ Setting>> Language>> English (US or UK) Setting>> Display>> Font style >> Defau...