Apple Services တွေဖြစ်တဲ့ App Store, Apple Arcade, Apple Music, Apple Podcasts and iCloud အစရှိတဲ့ Service တွေကို အခုအခါမှာ မြန်မာနိုင်ငံကို တရားဝင်ထောက်ပံ့ပေးလိုက်ပြီဖြစ်ပါတယ် အရင်လို Apple ID ဖွင့်ချိန်မှာ တစ်ခြားနိုင်ငံရဲ့ လိပ်စာ၊ ဖုန်းနံပတ်နဲ့ ဘဏ်ကဒ်တွေသုံးစရာမလိုတော့ပါဘူး မြန်မာလိပ်စာ၊ ဖုန်းနံပတ်နဲ့ ဘဏ်ကဒ်တွေ (အခုလောလောဆယ်တော့ Master/Visa Card တွေပဲရသေးတယ်ပြောပါတယ်) ထောက်ပံ့နေပြီပြောပါတယ် လတ်တလေားမှာတော့ သုံးရတာအဆင်ပြေမှာမဟုတ်သေးပါဘူး App တွေ Update လုပ်မရတာ တစ်ချို့ App တွေမရှိတော့တာတွေဖြစ်နေအုံးမှာပါ တစ်ခြား Region တွေကိုထားထားတဲ့သူတွေအနေနဲ့လဲ မြန်မာကိုပြောင်းသုံးဖို့ အကြံမပြုလိုသေးပါဘူး သူတို့ဖက်ကအဆင်ပြေအောင်လုပ်ပေးပြီးရင်တော့ သုံးသင့်ပါတယ် ဘာလို့လဲဆိုတော့ Apple Musics ကို US Store မှာ 9.99$ နဲ့ရောင်းနေချိန်မှာ ဒီမှာက 2.99$ နဲ့ဆိုတော့ တန်လွန်းပါတယ် 😉😉