Mi A1, A2, One Plus, Android One and Pure Android Phone
Mi A1, A2, One Plus, Android One and Pure Android Phone တို့လိုဖုန်းတွေမှာ မူလပါတာ ယူနီကုဒ်ပါပဲ Root ပြီးဇော်ဂျီထည့်ထားကြတာတာပါ System Update ပေးနေတာရှိရင် Update လုပ်လိုက်ပါ မရှိရင်တော့ (Update လုပ်လို့မရရင်) firmware ပြန်တင်လိုက်တာကောင်းတာပါပဲ ကိုယ်တိုင်လုပ်လို့အဆင်မပြေရင် ဆိုင်သာသွားလုပ်ပါ
Mi Phone (xiaomi and redmi)
Settings>> Display>> System fonts ထဲဝင်ပြီး ထိပ်ဆုံးမှာရှိတဲ့ Mi Lanting (Default) ဆိုတာကိုနှိပ်၊ Apply and reboot လုပ်ပေးလိုက်ပါ။ ကီးဘုတ်ကတော့ အဆင်ပြေတဲ့ ယူနီကုဒ်ကိုထောက်ပံ့တဲ့ကီးဘုတ်တစ်ခုခုကိုသုံးပါ။ Display မတွေ့ရင် Themes ထဲက Default Themes ကို apply and reboot လုပ်ပါ။Samsung
Font Style မှာ Default ထား ပြီးရင် Language and input > English(US/UK) ရွှေးထားပေးလိုက်ရင်ရပါပြီ ကီးဘုတ်က တစ်ခြားအဆင်ပြေတဲ့ကီးဘုတ်တစ်ခုခုကိုသုံးလိုက်ပါတစ်ချို့ဖုန်းတွေမှာ အောက်ကနည်းနဲ့ပြောင်းယူပါ
Setting>> Language>> English (US or UK)
Setting>> Display>> Font style >> Default
Add Keyboard > Setting ထဲမှာ ယူနီကုဒ် စနစ်သုံး Keyboard ရွေးပါ။ Gboard , Manic , Bagan , Frozen Myanmar အဆင်ပြေရာ သုံးနိုင်ပါတယ်။
ပြီးရင် ဖုန်းကို restart ချပါ။
Huawei
Huawei မှာတော့ EMUI 9 and 9.1 အတွက်က
Setting >> Language and regionLanguage >> English (US)
region >> Myanmar
Add Keyboard
Setting ထဲမှာ ယူနီကုဒ် စနစ်သုံး Keyboard ရွေးပါ။ Gboard , Manic , Bagan , Frozen Myanmar အဆင်ပြေရာ သုံးနိုင်ပါတယ်။
ပြီးရင် ဖုန်းကို restart ချပါ။
EMUI 9 အောက်ဆိုရင်တော့
Setting >> Language >> ဗမာ(မြန်မာ) သို့ ဗမာ(Unicode)Add keyboard
Setting ထဲမှာ ယူနီကုဒ် စနစ်သုံး Keyboard ရွေးပါ။ Gboard , Manic , Bagan , Frozen Myanmar အဆင်ပြေရာ သုံးနိုင်ပါတယ်။
ဖုန်းကို restart ချပါ။
Oppo
OPPO ဖုန်းများ Unicode အသုံးပြုလိုပါက Color OS Version ပေါ်မူတည်၍ Setting ချိန်ညှိပုံများ အောက်ပါအတိုင်း ကွဲပြားသွားမည်ဖြစ်ပါသည်။ လက်ရှိ Color OS 6 ရရှိနေသော model များမှာ F11,F11pro,A1k နှင့် Reno Series ဖြစ်ပါသည်။လက်ရှိတွင် Color OS 6 မရသေးသော်လည်း F9,R17pro,FindX,F7 နှင့် F7youth model များအား မကြာခင်အချိန်တွင် Color OS Version 6 update OTA များ ထုတ်လွှင့်မည်ဖြစ်ပါတယ်။ System Update ပြုလုပ်ပြီးသောအခါ အောက်ပါ အတိုင်း Settings ထားပါ။
Color OS 6 ရရှိနေသော model များ Language - English တွင် Unicode စံ Font ပေါ်စေရန် Settings ချိန်ပုံ
Settings – Language & Region – Region – MyanmarSettings – Language & Region – Language – English
Settings – Language & Region – Character Encoding – Unicode
ကျန် Model များအားလုံးတွင် Unicode အသုံးပြုလိုပါက
Settings – Language & Region – Language - ဗမာ(Unicode)ကိုရွေးချယ်၍ အသုံးပြုနိုင်ပါသည်။ (အချို့ Model များတွင် Language - ဗမာ(Unicode) ရွေးချယ်ပါက အချို့နေရာများတွင်မှားနေခြင်း၊ web view တွင်မှားနေခြင်း များရှိပါသည်။ ပြန်လည်ပြုပြင်ရန် စစ်ဆေးနေပါသည်။)
ဒါလဲ အဟောင်းပါပဲ Keep မှာ ရေးထားဖူးတာလေးတွေ အမှတ်တရပေါ့လေ 😀😀
Comments
Post a Comment