Instagram မှာ ဓာတ်ပုံတွေကိုတင်တဲ့အခါမှာ ပုံမှန်ကတော့ Mobile Devices တွေပေါ်ကပဲတင်လို့ရတာပါ ဒါပေမယ် ကိုယ်ကတစ်ခါတစ်လေမှာ ဖုန်းနဲ့ရိုက်ထားတဲ့ပုံမဟုတ်ပဲ Camera နဲ့ရိုက်ပြီး ကွန်ပျူတာမှာ Edit လုပ်ထားတဲ့ပုံတွေ Instagram မှာ တင်ချင်လာရင် ပုံတွေကို Mobile ပေါ်ရွှေ့နေရတာ အလုပ်ရှုပ်ပါတယ် Cloud သုံးပြီးရွှေ့တာပဲဖြစ်ဖြစ် Cable သုံးတာပဲဖြစ်ဖြစ် တစ်ခါတည်းတန်းတင်ရတာလောက်တော့ အဆင်မပြေလှဘူး 😁 အဲ့မှာလိုက်ရှာတော့ တွေ့တော့တွေတယ် တစ်ချို့နည်းတွေက အလုပ်မလုပ်တော့တာတွေ ဥပမာ Lightroom Extension ထည့်ပြီးတင်လို့ရတာဆို အလုပ်မလုပ်တော့ဘူး တစ်ချို့နည်းတွေက အဆင်သိပ်မပြေဘူး Chrome Extension တစ်ခုဆိုတင်လို့တော့ရတယ် ပုံကဝါးသွားတယ် အခုလောလောဆယ်မှာတွေ့ရသလောက်ကတော့ Browser မှာ Developer Mode ကနေဝင်ပြီး Mobile View ပြောင်းပြီးတင်ပါတာပဲ Browser တော်တော်များများမှာအဆင်ပြေမယ်ထင်ပါတယ် အကောင်းဆုံးကတော့ Chrome ကနေလုပ်ကြည့်ပါ Browser မှာ New Tab ခေါ်ပြီးတော့ Ctrl + Shift + I ကိုနှိပ်ပြီး Developer Mode ဖွင့်ပါ ပြီးရင် Toggle Devices Toolbar ကိုတစ်ချက်နှိပ်ပါ ပုံ (၁) မှာနမူနာကြည့်ကြည့်ပါ အနီဝိုင်းပြထားပါတယ် ပုံ (၁) ဘယ်ဖက် ...