ဒီတစ်ခါရေးချင်တာကတော့ ရန်ကုန်ကို ပထမဆုံး လူကြီးတွေမပါပဲ သွားတဲ့အကြောင်းပေါ့ 😅 အခုမှသာရန်ကုန်မှာသွားရတာလွယ်တယ်ဖြစ်သွားတာ ပထမဆုံးစရောက်ဖူးတုန်းက အတော်တိုင်ပတ်တာ ၂၀၁၀ လောက်က mini thesis လုပ်မယ်ဟေ့ဆိုတော့ တစ်တန်းလုံးနီးပါး data ကောက်မယ်ဆိုပြီး ရန်ကုန်ကိုဇွတ်သွားကြတာ ဘာရယ်တော့မဟုတ်ဖူး ကျေင်းသားဘဝ ရောက်ဖူးချင်လို့သွားယွကြတာပဲ ပထမစီစဉ်ထားတာကတော့ သူငယ်ချင်းတွေစုပြီး အိမ်ခန်းငှားနေကြမယ်ပေါ့ ဒါပေမယ့် ငှားပေးတဲ့ကောင်က တစ်ယောက်ကို ၆ သောင်းလားမသိဘူးတောင်းတာနဲ့ မပေးနိုင်လို့ ဗဟန်းက အမျိုးဘုန်းကြီးကျောင်းမှာပဲ ကျနော်ရယ်နောက်တစ်ယောက်ရယ် တည်းကြတယ် အဲ့ကောင်ကလဲ ကိုယ်အားကိုးပြီးလိုက်လာတဲ့ကောင်ဆိုတော့ ဘာမှကိုတိုင်ပင်လို့မရတာ 😂😂 ရွှေတိဂုံနဲ့ နီးတယ် စားစရာလဲပေါးတယ်ပေါ့ အဲ့လိုထင်ထားတာ တကယ်ကအဲ့နားမျာ စားသောက်ရတာက သိပ်အဆင်မပြေဘူး ကံကောင်းတာက ဘုန်းကြီးကျောင်းတွေနားမှာ ရှမ်းထမင်းဆိုင်လိုလိုဘာလိုလိုလေးရှိတော့ ညနေစာဆိုရင် အဲ့ဆိုင်က ထမင်းကြော်ပဲစား နေ့လယ်ကတော့ အပြင်အဆင်ပြေတဲ့နေရာကစားပေါ့ ရန်ကုန်ကို ၂ ကောင်သား မြေပုံကိုင်ပြီးသွားတာ မျက်စိတွေလည်ပြီး သောက်တလွဲတွေသွားမိတာလဲ ခဏခဏပဲ 😅😅 ပန်းဆိုးတန်းဖက်ကနေ ရွှေတိဂုံဘုရားလမ်းအထိလမ်းလျှောက် ဘုရားမြင်တော့ မထူးပါဘူးဆိုပြီး ဘုန်ကြီးကျောင်းအထိလမ်းလျှောက်ကြတာမျိုး (မြေပုံမှာကြတော့ နီးနီးလေးရယ် 😅 လမ်းကြုံလို့ စစ်သမိုင်းပြတိုက်တောင် ဝင်ကြည့်ဖြစ်ကြသေးတယ်) စော်ဘွားကြီးကုန်းဖက်သွားတာမှာလဲ ကားအကြာကြီးစီးရလို့ စိတ်ထဲလန့်တာတို့ဘာတို့ဖြစ်သေးတာ ဘာလားဟပေါ့ ကားကိုအဲ့လောက်အကြာကြီးစီးနေရတာ ဟုတ်ရောဟုတ်လို့လား ငါတို့ဆင်းရမယ့်မှတ်တိုင်ကို ကျော်များကျော်ခဲ့ပြီလားနဲ့ ဖြစ်နေတာ စပါယ်ယာလေးက မရောက်သေးဘူးပြောလဲ စိတ်တော့ပူတာပဲ အဲ့လောက်ဝေးသလားပေါ့ 😂😂 အဲ့တစ်ခေါက်ကရောက်တာအများဆုံးကတော့ ရွှေတိဂုံပေါ့ လှည်းတန်းသွားတာတောင် မျက်စိလည်မှာစိုးလို့ အတော်သတိထားခဲ့ရတာ မှတ်မှတ်ရရ အင်တာနက်ဆိုင်မှာ stick တစ်ချောင်းမေ့ကျန်ပြီးတိုင်ပတ်သေးတယ် ရှာထားတဲ့စာတွေအကုန်ပါသွားတာပဲ အတော်ကြေကွဲပြီး စာတွေပြန်ရှာရတယ် စာတွေပါသွားလို့ ဝမ်းနည်းရတာတစ်မျိုး stick ပါသွားလို့ ဝမ်းနည်းရတာတစ်မျိုးနဲ့ (မှတ်မှတ်ရရ 8Gb လေး ဝယ်ထားတာ ဘယ်လောက်မှတောင်မကြာသေးဘူး) လှည်းတန်းကလဲ D Mate မှမသွားရင် လူရာမဝင်သလိုလိုဖြစ်နေတဲ့အချိန်ဆိုတော့ သွားခဲ့ရတာပဲ စာအုပ်ဝယ်မလားကြည့်လိုက်တိုင်း မတတ်နိုင်တာနဲ့ ကြည့်ပြီးပြန်လာရတာလေးတစ်ခုပဲ 😅😅 ဘာရယ်သာမဟုတ်တာအဲ့တုန်းက ပျော်စရာလဲကောင်းသလို စိတ်ရှုပ်စရာလဲကောင်းတယ် လိုက်ပို့ပေးမယ်သူရှိလို့ သာကေတဖက်က ကစားကွင်းတစ်ခုတောင်ရောက်ခဲ့သေးတယ် အခုတော့ပိတ်သွားတာကြာပြီထင်တာပဲ ...
အဲ့တုန်းက ရန်ကုန်မှာ ၁ လလောက်ကြာတာ လမ်းတော့ အတော်လျှောက်ခဲ့ရတာ နေရာကသေချာမသိတော့ စမ်းတဝါးဝါးနဲ့သွား တစ်ရက်တစ်ရက် လမ်းအများကြီးလျှောက်လျှောက်ပြီးပြန်ပြန်လာရတာပဲ ပျော်လဲပျော်စရာကောင်းတယ်ဆိုပေမယ် စိတ်လဲညစ်ရတယ် ဒီအပိုင်းတော့ဒီလောက်နဲ့တင်တော်လိုက်တော့မယ် :P
အဲ့တုန်းက ရန်ကုန်မှာ ၁ လလောက်ကြာတာ လမ်းတော့ အတော်လျှောက်ခဲ့ရတာ နေရာကသေချာမသိတော့ စမ်းတဝါးဝါးနဲ့သွား တစ်ရက်တစ်ရက် လမ်းအများကြီးလျှောက်လျှောက်ပြီးပြန်ပြန်လာရတာပဲ ပျော်လဲပျော်စရာကောင်းတယ်ဆိုပေမယ် စိတ်လဲညစ်ရတယ် ဒီအပိုင်းတော့ဒီလောက်နဲ့တင်တော်လိုက်တော့မယ် :P
Comments
Post a Comment