Skip to main content

Microsoft word, excel, power point ဖိုင်တွေ ကိုယူနီကုဒ်ပြောင်းဖို့ MSX Unicode Converter


Microsoft word, excel, power point ဖိုင်တွေကို ဇော်ဂျီ font ကနေ Unicode ပြောင်းပေးမယ့် အခမဲ့ windows application တစ်ခုဖြစ်ပါတယ်။ Rabbit Converter ကို အသုံးပြုထားပြီး Python နဲ့ရေးသားထားပါတယ်။ bulk စနစ်ဖြင့် folder လိုက် လွယ်လွယ်ကူကူပြောင်းပေးနိုင်အောင် လုပ်ပေးထားပါတယ်။ သတိထားဖို့က Folder အလိုက်ပဲ ပြောင်းလို့ရပါတယ်။ ဇော်ဂျီစာတွေကို Folder တခုထဲကို ထည့်ထားပါ။ ပြီးရင်နောက် Folder တခုဆောက်ပါ ပြီးရင် import directory မှာ ဇော်ဂျီစာ folder ကိုရွေးပါ၊ ပြီးရင် နောက် folder တခုကို ရွေးလိုက်ရင် အဆင်ပြေပါလိမ့်မယ်။ အထူးသတိထားဖို့က မပြောင်းခင် ဇော်ဂျီဖိုင်တွေကို backup လုပ်ပြီးမှ ပြောင်းပါ။ လက်ရှိမှာ .docx, .xlsx, .pptx ဖိုင်တွေကို ပြောင်းပေးနိုင်ပါတယ်။ Folder လိုက်မပြောင်းချင်ပဲ file လိုက်ပဲပြောင်းချင်ရင်တော့ MNLP Converter ကိုပဲသုံးပါဗျာ။

MSX Converter အလုပ်လုပ်ဖို့ လိုအပ်ချက်အနေနဲ့ windows 7 sp1 နှင့်အထက်၊ C++ Redist Package ကိုသွင်းထားဖို့လိုပြီး၊ မရှိသေးပါက အောက်မှာပေးထားတဲ့ link ကနေ သွင်းယူလို့ရပါတယ်။


**တစ်ချို့ word နဲ့ power point file တွေမှာအဆင်မပြေတာတွေ့ရပါတယ်**


Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

Android တစ်ချို့အတွက် Unicode ပြောင်းနည်း

Mi A1, A2, One Plus, Android One and Pure Android Phone Mi A1, A2, One Plus, Android One and Pure Android Phone တို့လိုဖုန်းတွေမှာ မူလပါတာ ယူနီကုဒ်ပါပဲ Root ပြီးဇော်ဂျီထည့်ထားကြတာတာပါ System Update ပေးနေတာရှိရင် Update လုပ်လိုက်ပါ မရှိရင်တော့ (Update လုပ်လို့မရရင်) firmware ပြန်တင်လိုက်တာကောင်းတာပါပဲ ကိုယ်တိုင်လုပ်လို့အဆင်မပြေရင် ဆိုင်သာသွားလုပ်ပါ Mi Phone (xiaomi and redmi) Settings>> Display>> System fonts ထဲဝင်ပြီး ထိပ်ဆုံးမှာရှိတဲ့ Mi Lanting (Default) ဆိုတာကိုနှိပ်၊ Apply and reboot လုပ်ပေးလိုက်ပါ။ ကီးဘုတ်ကတော့ အဆင်ပြေတဲ့ ယူနီကုဒ်ကိုထောက်ပံ့တဲ့ကီးဘုတ်တစ်ခုခုကိုသုံးပါ။ Display မတွေ့ရင် Themes ထဲက Default Themes ကို apply and reboot လုပ်ပါ။ Samsung Font Style မှာ Default ထား ပြီးရင် Language and input > English(US/UK) ရွှေးထားပေးလိုက်ရင်ရပါပြီ ကီးဘုတ်က တစ်ခြားအဆင်ပြေတဲ့ကီးဘုတ်တစ်ခုခုကိုသုံးလိုက်ပါ တစ်ချို့ဖုန်းတွေမှာ အောက်ကနည်းနဲ့ပြောင်းယူပါ Setting>> Language>> English (US or UK) Setting>> Display>> Font style >> Default

Windows XP and 7 Keyboards

Windows XP & 7 အတွက် ယူနီကုဒ်ကီးဘုတ်လေးပါ Windows 8.1 & 10 မှာပါလာတဲ့ Windows Built in  မြန်မာကီးဘုတ်နဲ့ အတူတူပါပဲ သရက ဗျည်းနဲ့ ဗျည်းတွဲ နောက်ကနေရိုက်ရမှာပါ Logical Keyboard ဖြစ်လို့ Excel လို Software မျိုးမှာ Error ကင်းကင်းနဲ့ သုံးလို့ရနိုင်မှာပါ Download Here