Skip to main content

Contacts, File Name, Folder Name တွေကို ယူနီကုဒ်ပြောင်းချင်တယ်

Contacts တွေ File Name တွေ Folder Name တွေအများကြီးကို ဇော်ဂျီကနေယူနီကုဒ်ပြောင်းချင်တဲ့သူတွေအတွက်ပါ ကျနော်ကိုယ်တိုင်လဲတိုင်ပတ်ခဲ့ဖူးတယ်  😅😅 အရင်ကတော့ခက်တယ် အခုတော့ လွယ်သွားပါပြီ ......


Android အတွက် mmUniToolkit ဆိုတဲ့ app လေးထွက်နေပါပြီ (sd card ထဲမှာရှိတဲ့ file name တွေတော့ပြောင်လို့မရသေးဘူး) (တချို့က version အသစ်နဲ့အဆင်မပြေဘူးပြောနေကြလို့ အဟောင်းက ဒီမှာ ဒေါင်းလို့ရပါတယ် သုံးတဲ့အချိန်အင်တာနက်ပိတ်ထားဖို့တော့လိုပါမယ်)

iOS အတွက် Pyaung Converter မှာ contact name တွေတခါတည်းပြောင်းပေးတဲ့ Function ပါလာပါပြီ
iPhone Contact တွေကိုဇော်ဂျီနဲ့မှတ်ထားတယ် မမှန်လို့ ယူနီပြောင်းမယ်ဆို Pyaung Converter လေးရှိပါတယ် ဒီ Software လေးထဲဝင် Contact ဆိုတဲ့နေရာလေးကိုသွားပြီး Zawgyi to Unicode ဆိုတာလေးကို တစ်ချက်နှိပ်ပြီးခနစောင့်ပါ ပြီးရင် Contact ထဲမှာပြောင်းသွားပြီလားပြန်စစ်ကြည့်ပါ တစ်ခါနှိပ်ရင်ရပါပြီ ထပ်ခါထပ်ခါမနှိပ်မိပါစေနဲ့ တကယ်လိုနှိပ်တာမှာသွားရင် အပေါ်ဒေါင့်မှာ Restore ဆိုတာရှိပါတယ် restore ကိုသွားပြီးမပြောင်ခင်ကအတိုင်းပြန်ထားပြီမှဆက်လုပ်ပါ။

Windows အတွက်တော့ PK Converter ကိုသုံးပါ အဆင်ပြေပါတယ် သုံးနည်းကို ဒီမှာ သွားဖတ်လို့ရပါတယ် Youtube မှာလဲ video tutorial လေးရှိပါတယ် ဒီမှာ သွားကြည့်ပါ (**File name တွေမှာ "၇" ပါရင်တော့ "ရ" လို့ပြောင်းပေးတဲ့ ပြဿနာတော့ရှိတယ်)

Mac အတွက်ကတော့ လုပ်ပုံလုပ်နည်းကို ဒီမှာ ကြည့်ပါဗျ



Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

Android တစ်ချို့အတွက် Unicode ပြောင်းနည်း

Mi A1, A2, One Plus, Android One and Pure Android Phone Mi A1, A2, One Plus, Android One and Pure Android Phone တို့လိုဖုန်းတွေမှာ မူလပါတာ ယူနီကုဒ်ပါပဲ Root ပြီးဇော်ဂျီထည့်ထားကြတာတာပါ System Update ပေးနေတာရှိရင် Update လုပ်လိုက်ပါ မရှိရင်တော့ (Update လုပ်လို့မရရင်) firmware ပြန်တင်လိုက်တာကောင်းတာပါပဲ ကိုယ်တိုင်လုပ်လို့အဆင်မပြေရင် ဆိုင်သာသွားလုပ်ပါ Mi Phone (xiaomi and redmi) Settings>> Display>> System fonts ထဲဝင်ပြီး ထိပ်ဆုံးမှာရှိတဲ့ Mi Lanting (Default) ဆိုတာကိုနှိပ်၊ Apply and reboot လုပ်ပေးလိုက်ပါ။ ကီးဘုတ်ကတော့ အဆင်ပြေတဲ့ ယူနီကုဒ်ကိုထောက်ပံ့တဲ့ကီးဘုတ်တစ်ခုခုကိုသုံးပါ။ Display မတွေ့ရင် Themes ထဲက Default Themes ကို apply and reboot လုပ်ပါ။ Samsung Font Style မှာ Default ထား ပြီးရင် Language and input > English(US/UK) ရွှေးထားပေးလိုက်ရင်ရပါပြီ ကီးဘုတ်က တစ်ခြားအဆင်ပြေတဲ့ကီးဘုတ်တစ်ခုခုကိုသုံးလိုက်ပါ တစ်ချို့ဖုန်းတွေမှာ အောက်ကနည်းနဲ့ပြောင်းယူပါ Setting>> Language>> English (US or UK) Setting>> Display>> Font style >> Default

Windows XP and 7 Keyboards

Windows XP & 7 အတွက် ယူနီကုဒ်ကီးဘုတ်လေးပါ Windows 8.1 & 10 မှာပါလာတဲ့ Windows Built in  မြန်မာကီးဘုတ်နဲ့ အတူတူပါပဲ သရက ဗျည်းနဲ့ ဗျည်းတွဲ နောက်ကနေရိုက်ရမှာပါ Logical Keyboard ဖြစ်လို့ Excel လို Software မျိုးမှာ Error ကင်းကင်းနဲ့ သုံးလို့ရနိုင်မှာပါ Download Here