Windows အသစ်ပြန်တင်ပြီး အတော်ကြာမှ lightroom ပြန်တင်ဖြစ်တယ် အဲ့ဒီမှာ အရင်ကပြဿနာမဖြစ်ဖူးတဲ့ Develop mode ကိုဝင်တာနဲ့ Crashes ဖြစ်ပြီး ပိတ်ပိတ်သွားတာနဲ့တွေ့နေရလို့ အတော်အာရုံစားသွားတယ် Crack သုံးနေလို့ဖြစ်နေတယ်ပဲထင်နေတာ နောက်မှ Adobe Forum ထဲဝင်ဖတ်ကြည့်မှတွေ့တာ GPU acceleration ကိုပိတ်လိုက်ရင် အဆင်ပြေသွားတာပဲ 😅😅 ကိုယ့်မှာအစကမသိတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတာ သိသွားတော့လဲ ဘာမှမခက်ဖူးရယ် Edit-> Preferences-> Performance tab-> box labeled "Use Graphics Processor" လေးဖြုတ်ပေးလိုက်ရင်ရသွားပြီ
Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here
Comments
Post a Comment