Amazfit Bit က ဖုန်း app မှာ နှလုံးခုန်နှုန်းနဲ့ အိပ်ချိန်တွေ sync မလုပ်တဲ့ ပြဿနာဖြစ်နေလို့ တလောလေးက အတော်တိုင်ပတ်နေသေးတယ် 😏😏 အဲ့တာတွေ sync မလုပ်တော့ဘာဖြစ်လဲဆိုတော့ ဘာမှတော့မဖြစ်ပါဘူး ဒါပေမယ့် ပါလဲပါတယ်ဖွင့်လဲထားရဲ့နဲ့မလုပ်တာဆိုတော့ ခိုးလို့ခုလုတော့ဖြစ်တာပေါ့ 😅 Amazfit bit ကို reset ချကြည့်၊ ဖုန်းထဲးက app ကိုဖျက်ပြီးပြန်သွင်း၊ un-pair လုပ် ပြီးရင် pair ပြန်လုပ်တယ်မရဘူး နောက်ဆုံး google ကြည့်လိုက်တော့မှ ဖြေရှင်းနည်းရသွားတယ် 😅 တကယ်ကဘာမှမခက်ဖူး ဖုန်းက နာရီကို ၂၄ နာရီဖော့မတ်ပြောင်း ပြက္ခဒိန်မှာ အနောက်တိုင်းပြက္ခဒိန်ထားပြီး ဖုန်းကို restart လုပ်လိုက် ပြီးရင် ပြန် sync လုပ်ကြည့်လိုက်အဆင်ပြေသွားလိမ့်မယ် Settings > General > Date & Time > make the 24-hour time ON Settings > General > Language & Region > in region formats section > calendar > change it to Gregorian ပြီးရင် နာရီကိုလဲ ၁၂ နာရီဖော့မတ်ပြန်ထားလဲရတယ်ဘာမှမဖြစ်တော့ဘူး Before After Credit Xiaomi MIUI Forum