windows10 နောက်ဆုံး update ဖြစ်တဲ့ version 1803 မှာ မြန်မာကီးဘုတ် ၂ ခုပါလာပြီး တခုကတော့ အရင်အဟောင်းဖြစ်ပြီး တခုကတော့ အသစ်ဖြစ်ပါတယ် .... အသစ်မှာ သဝေထိုးကိုရှေ့ကရိုက်လို့ရပြီး smart keyboard ဖြစ်သွားပါပြီ ချို့ယွင့်ချက်အနည်းငယ်ရှိတယ်လို့တော့ စမ်းသုံးပြီးတဲ့သူတွေကပြောကြပါတယ် .... စမ်းသုံးချင်ရင်တော့ windows update လုပ်ရမှာပါ wifi ကနေတိုက်ရိုက် update လုပ်လို့ရသလို windows iso file download လုပ်ပြီး update လုပ်လို့ရပါတယ်
Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here
Comments
Post a Comment