PK Converter (APK) Updated : 2017/06/22 Floating bubble ကို ရွှေ့လို့ရချင်တယ် ဆိုတဲ့ သူတွေအတွက် update version ပါ။ ဒီ app ကို ရေးထားပြီး ကိုယ့်ဖာသာ သုံးနေတာပဲ နှစ်နှစ်နီးပါး ရှိနေပြီ။ အပြင်မှာ ပုံစံတူ Converter တွေ အများကြီး ရှိတာမို့ အများကို ချမပြဖူးဘူး။ မိတ်ဆွေတစ်ယောက်က တင်ပေးဖို့ တောင်းဆိုတာနဲ့ လုပ်ဆောင်ချက် အသစ်တွေ ထပ်ထည့်ပြီး အခု အများသုံးနိုင်အောင် တင်ပေးလိုက်ပါတယ်။ အများ အသုံးတည့်မယ့် feature တချို့ကို ပြောပြပေးပါ့မယ်။ ၁။ ကူးလိုက်တဲ့ စာတွေက ယူနီလား ဇော်ဂျီလား၊ အလိုအလျောက် သိအောင် လုပ်ထားပြီး ယူနီကို ကူးမိရင် ဇော်ဂျီ ပြောင်းပေးတယ်။ ဇော်ဂျီကို ကူးလိုက်ရင် ယူနီပြောင်းပေးတယ်။ ၂။ ကိုယ်ရိုက်ထည့်လိုက်တဲ့ စာတွေကို ယူနီယူမလား၊ ဇော်ဂျီယူမလား၊ နှစ်မျိုးလုံး ယူမလား ရွေးလို့ရမယ်။ ၃။ နှစ်မျိုးလုံး ကော်ပီယူရင်လည်း ခေါင်းစဉ်နဲ့ ပြပေးတယ်။ ဥပမာ <Unicode> ယူနီစာတွေ <Zawgyi> ဇော်ဂျီစာတွေ ၄။ အဲ့ဒီ <Unicode> နဲ့ <Zawgyi> ခေါင်းစဉ်တွေကို Setting မှာ စိတ်ကြိုက် ပြင်လို့ ရမယ်။ ၅။ ကိုယ်ရိုက်ထားတဲ့ စာတွေကို ပုံအနေနဲ့ သိမ်းလို့ ရမယ့်အပြင် Facebook မှာ တန်း...